
ရန်ကုန် ဖေဖော်ဝါရီ ၁
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများကို စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘော တရားများနှင့် တတ်သိနားလည်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်အတွက် အောက်ပါ Certificate in Entrepreneurship and Business Management (Batch-II) Free Online Certificate Course ကို ဖေဖော်ဝါရီ ၁၅ ရက်မှစ၍ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်သည်-
Certificate in Entrepreneurship and Business Management
Link; https://forms.gle/P8HuNwUqFZqdPhZZ9
အဆိုပါသင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် သက်ဆိုင်ရာ Link မှတစ်ဆင့် Google Form ဖြင့် ဖြည့်စွက်ပြီး ဖေဖော်ဝါရီ ၆ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်