သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်နှင့် သမဝါယမကောလိပ်တို့မှ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ

 

 

နေပြည်တော်    မေ   ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက စစ်ကိုင်း တိုင်းဒေသကြီး   စစ်ကိုင်းမြို့ရှိ   သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊  မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ်နှင့် အမရပူရမြို့နယ်ရှိ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံတို့မှ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုကို အားပေးကြည့်ရှုပြီး ကျောင်းများ မှ ဆရာ ဆရာမများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်သည်။
မျိုးဆက်သစ်လူငယ်များ မွေးထုတ်
ရှေးဦးစွာ    ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည်   စစ်ကိုင်း မြို့     သမဝါယမနှင့်     စီမံခန့်ခွဲမှု ပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်၊    ဆရာ ဆရာမများ၊   ဌာန ဆိုင်ရာ  ဝန်ထမ်းများနှင့်  တွေ့ဆုံ သည်။ တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးအတွက်    လူငယ်များအပေါ် တွင် မူတည်နေပြီး ထိုလူငယ်များ ၏  ပညာရည်  ဖွံ့ဖြိုးတိုးတက်မှ သာ  နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက် နိုင်မည်ဖြစ်ပါကြောင်း၊   ဝန်ကြီး ဌာနရှိ တက္ကသိုလ်များ၊ ကောလိပ် များ၊  သင်တန်းကျောင်းများ၊ ပုဂံ ယွန်းပညာကောလိပ်တို့မှ    နိုင်ငံ အတွက် အကျိုးပြုမည့် အသိပညာ ရှင်၊  အတတ်ပညာရှင် အနာဂတ် မျိုးဆက်သစ်လူငယ်များ မွေးထုတ် ပေးရမည်ဖြစ်ပါကြောင်း၊  တက္က သိုလ်များ၊ ကောလိပ်များအနေဖြင့် အစဉ်အလာကောင်းများ ရှိခဲ့ပြီး ကောင်းမွန်သော ရည်ရွယ်ချက်၊ ရည်မှန်းချက်များဖြင့် သင်ကြား ပို့ချပေးနေပါကြောင်း၊ သမဝါယမ စနစ်နှင့်     သမဝါယမကျောင်း များ   ပိုမိုအောင်မြင်ဖြစ်ထွန်းရေး အတွက် တာဝန်ရှိသူအဆင့်ဆင့်မှ စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်များ   ရှိပါက လည်း တင်ပြပေးရန် ပြောကြား ပြီး  ဝန်ထမ်းတစ်ဦးလျှင်   ငွေကျပ် ၁၀,၀၀၀   နှုန်းဖြင့်      ဝန်ထမ်း ၂၈၁  ဦးအတွက်      ငွေကျပ် ၂,၈၁၀,၀၀၀ ကို ပါမောက္ခချုပ်ထံ ပေးအပ်သည်။ 
ဆက်လက်၍  ဒုတိယဝန်ကြီး နှင့်အဖွဲ့သည်      သမဝါယမနှင့် စီမံခန့်ခွဲမှု    ပညာတက္ကသိုလ်ရှိ e-Library နှင့် စာသင်ဆောင်များ၊ ToT သင်တန်းများ ပို့ချနေမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်း   လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း       ဆောင်ရွက် ပေးခဲ့ပြီး      စာသင်ခန်းများအား လှည့်လည်ကြည့်ရှု အားပေးသည်။
 ဆောလျင်စွာ ဖွဲ့စည်း
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန၏ ဆောင်းဒါး ရက်ကန်း နှင့်    အသက်မွေးပညာသိပ္ပံသို့ ရောက်ရှိပြီး     ဒုတိယဝန်ကြီးက ရက်ကန်းလုပ်ငန်းများ      ပိုမို အောင်မြင်နိုင်ရေးအတွက်   သမ ဝါယမစနစ်ဖြင့် ရက်ကန်းလုပ်ငန်း ရှင်များအသင်း     ဆောလျင်စွာ ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊  ပြင်ဆင်ထိန်းသိမ်းရန် လိုအပ်သည်များအတွက် တင်ပြ ပေးစေလိုကြောင်း       မှာကြား ပြီး ရက်ကန်းကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု      စစ်ဆေး သည်။ 
ဆက်လက်၍  ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသ ကြီး     ပုသိမ်ကြီးမြို့နယ်ရှိ   သမ ဝါယမကောလိပ်သို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီး၊  ဆရာ ဆရာမများ၊     ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ 
ဖြည့်ဆည်းဆောင်ရွက်
ယင်းနောက် ဝန်ထမ်းတစ်ဦး လျှင် ငွေကျပ် ၁၀,၀၀၀ နှုန်းဖြင့် ဝန်ထမ်း ၅၀ အတွက်  ငွေကျပ်  ၅၀၀,၀၀၀ ကို ကျောင်းအုပ်ကြီး ထံ       ထောက်ပံ့ပေးအပ်ကာ ကောလိပ်အတွင်း   သင်ကြားပို့ချ နေမှုများ၊    စာသင်ဆောင်များ၊ စာကြည့်တိုက်၊   စားရိပ်သာနှင့် အိပ်ဆောင်များကို    လှည့်လည် ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းလိုအပ် ချက်များအပေါ်     ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း  သိရ သည်။          သတင်းစဉ်