သမဝါယမလုပ်ငန်းများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်

 

နေပြည်တော်    ဩဂုတ်    ၂၄


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်       လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းကို   ယနေ့   နံနက်ပိုင်းက အဆိုပါရုံး  စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးလှမိုး၊    ဒုတိယဝန်ကြီး ဦးမြင့်စိုး၊    အမြဲတမ်းအတွင်းဝန်၊   ညွှန်ကြားရေး မှူးချုပ်များ၊   ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

 


မြစိမ်းရောင်စီမံကိန်း အောင်မြင်တိုးတက်


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ကျင်းပပြီးစီးခဲ့သည့်  ပြည်ထောင်စုအစိုးရအဖွဲ့ (၆) လပတ်ကာလ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က “သမဝါယမလုပ်ငန်းများ သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုတိုးတက်အောင်       ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊     မြစိမ်းရောင်စီမံကိန်းအနေ ဖြင့်လည်း     အောင်မြင်တိုးတက်မှုများရှိကြောင်း၊    သမဝါယမအသင်းများကို       အမှန်တကယ်လုပ်ကိုင် သူများ   စုပေါင်း၍    တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက်   ဆက်လက်တိုးချဲ့   ဖွဲ့စည်းဆောင်ရွက် သွားမည်ဆိုပါက      ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ        ပိုမိုတိုးတက်လာမည်ဖြစ် ကြောင်း”  ဟု    အသိအမှတ်ပြု     ပြောကြားခဲ့ပါ ကြောင်း။

 

ပူးပေါင်းကူညီဆောင်ရွက် 


 မိမိတို့ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ထုတ်လုပ်မှုလုပ်ငန်းများ ကို ဆောင်ရွက်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များ၌ ဒေသ ကျွဲ၊ နွားမွေးမြူခြင်းအပြင် နို့စားနွားများမွေးမြူ ပြီး နွားနို့မှ နို့ဆီချက်သည့်အဆင့်အထိ သမဝါယမ စနစ်ဖြင့် ဆောင်ရွက်ရန်၊ ကျေးလက်နေပြည်သူများ ၏   လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ ရေရရှိရေး၊ မီးရရှိရေး၊ လမ်းတံတား များ တည်ဆောက်ရေး၊  ပညာရေး၊ ကျန်းမာရေး ကောင်းမွန်စေရေးနှင့်    ကုန်ထုတ်လုပ်မှုစနစ်များ စနစ်တကျရှိစေရေးတို့အတွက်  သမဝါယမစနစ်ဖြင့် ဆောင်ရွက်ရန်၊ အကျိုးတူ လယ်ယာစနစ် (Contract Farming) ဆောင်ရွက်မည့် စပါးနှင့် ပဲတီစိမ်းစိုက် တောင်သူများအတွက် လိုအပ်သော မျိုး၊ သွင်းအားစု၊ အရင်းအနှီးများ   ရရှိနိုင်ရေး    သမဝါယမစနစ်ဖြင့် ဆောင်ရွက်ရန်၊     လက်တွေ့ဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ     ပိုမို အောင်မြင်စေရန်နှင့် မကြာမီ စတင်အကောင်အထည် ဖော်  ဆောင်ရွက်မည့်  ပြည်နယ်၊  တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့တွင်   မြစိမ်းရောင်ကျေးရွာစီမံကိန်းများ အောင်မြင်စေရေး အတွက်လည်း မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ  ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက် ပေးရန်၊ ဝန်ထမ်းများအားလုံးက လုပ်ငန်းတာဝန်များ အောင်မြင်ရေး   ဌာနအလိုက်၊  နေရာဒေသအလိုက် ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်အောင် စေတနာထား ဆောင်ရွက်ခြင်းဖြင့် ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်ဟု ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ ကြောင်း သိရသည်။

သတင်းစဉ်