
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမဦးစီးဌာန
ကြေညာချက်
သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) ပထမနှစ်၊ ဒုတိယနှစ်သင်တန်းများ ဖွင့်လှစ်ခြင်း
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ်(၂၀၂၃ ခုနှစ် အောင်) (ပထမနှစ်ဝက်) သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို (၁၆-၁၁-၂၀၂၃) ရက်နေ့မှ စတင်၍ နံနက် (၉)နာရီမှ ညနေ (၄)နာရီအထိ ကျောင်းအပ်လက်ခံပြီး ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက်)သင်တန်းအားလုံးအား (၂၃-၁၁-၂၀၂၃) ရက် နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းသို့ ဝင်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများစာရင်းအား (၉-၁၁-၂၀၂၃)ရက်နေ့၌ ဝန်ကြီးဌာန၏ website ဖြစ်သည့် https://mcrd.gov.mm နှင့် သက်ဆိုင်ရာ သမဝါယမကောလိပ်များတွင် ကြေညာ ပေးသွားမည်ဖြစ်ပါသည်။
သမဝါယမဦးစီးဌာန