သမဝါယမ အသင်းသားများအား အစုပေါ်အမြတ်များ ထုတ်ပေး

 

နေပြည်တော်   ဇန်နဝါရီ   ၂၀  


ရန်ကုန်တိုင်းဒေသကြီး  လှိုင်မြို့နယ်ရှိ   လှိုင် ဘုရင့်နောင်ရောင်းဝယ်ရေး သမဝါယမအသင်းက    အသင်းသား ပြည်သူများ   စားဝတ်နေရေးအဆင်ပြေစေရန်နှင့်  လူမှုရေး၊ ကျန်းမာရေးကိစ္စများတွင်   တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်  ရည်ရွယ်၍ အသင်းမှ  အသင်းသား  ၃၅၃  ဦးကို  တစ်ဦးလျှင်   ပခုက္ကူမြေပဲဆီသန့်  ၅၀ သား တစ်ဘူးစီနှင့်    အစုပေါ်အမြတ်ငွေကျပ်  ၁၀၀၀၀  စီဖြင့်  စုစုပေါင်းငွေကျပ် ၃၅ ဒသမ ၃ သိန်းတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်