သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ


 

နေပြည်တော်    မေ    ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ် ကမ်းလှမ်းမှုအရ နေပြည်တော်သို့ ရောက်ရှိနေသည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင် သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁၀နာရီတွင် နေပြည်တော်မှ    ရှမ်းပြည်နယ်(အရှေ့ပိုင်း)       တာချီလိတ်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။ 
အဆိုပါ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)  ဥက္ကဋ္ဌ ဦးဆောင်သည့်   ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား   အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ ယဉ်ကျေးမှုဦးစီးဌာနမှ   တိုင်းရင်းသား တိုင်းရင်းသူများက   နေပြည်တော်တပ်မတော်လေဆိပ်၌   ပို့ဆောင် နှုတ်ဆက်ကြသည်။ 
မွန်းလွဲပိုင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)  ဥက္ကဋ္ဌ   ဗိုလ်ချုပ်ကြီး   ယွက်စစ်   ဦးဆောင်သည့်       ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည်     တာချီလိတ်မြို့သို့     လေကြောင်းခရီးဖြင့် ရောက်ရှိကြရာ တာချီလိတ်တပ်နယ်မှ    တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊  ပါတီနိုင်ငံရေးအဖွဲ့အစည်းများ၊   နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားထောက်ခံကြ သည့် ဒေသခံတိုင်းရင်းသားများက ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်း များကို     အောင်မြင်အောင်     ဆွေးနွေးနိုင်ခဲ့သည့်အတွက် တာချီလိတ် လေဆိပ်မှ   တာချီလိတ်မြို့  ပြည်ထောင်စုလမ်းကြီးအတိုင်း   မြန်မာ- ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားအထိ “ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးဆောင်ရွက်မှုများ အောင်မြင်ပါစေ၊ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ကြိုဆိုထောက်ခံ ပါသည်၊  ငြိမ်းချမ်းရေးဆွေးနွေးပွဲ  အောင်ရမည်၊   ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို   ထောက်ခံပါသည်”   စသည့်စာသားပါ ဆိုင်းဘုတ်များကိုင်ဆောင်၍ လှိုက်လှိုက်လှဲလှဲ   ဂုဏ်ပြုထောက်ခံကြိုဆိုခဲ့ကြကြောင်း   သတင်းရရှိသည်။                                   
 သတင်းစဉ်