သမ္မတတစ်ဦးရဲ့ဂုဏ်သိက္ခာ နိုင်ငံတစ်နိုင်ငံရဲ့ကျင့်ဝတ်စံနှုန်းနဲ့အညီ ညီညွတ်မျှတပါစေ တီမောလက်စ်တေ

Type

 

ဇာနည်ဘွား

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးကာလမှ ယနေ့ မျက်မှောက်ကာလတိုင် လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို လက်တွေ့ အကောင်အထည် ဖော် လိုက်နာကျင့်သုံးနေတဲ့ နိုင်ငံတစ်နိုင်ငံ  ဖြစ်ပါ တယ်။ ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ အိမ်နီး ချင်းနိုင်ငံများနဲ့ဆက်ဆံရာမှာလည်း တစ်နိုင်ငံ၏ ပိုင်နက်နယ်မြေနဲ့ အချုပ်အခြာအာဏာကို တစ်နိုင်ငံ က လေးစားရန်  (Respect   for  each   other’s sovereignty and territorial integrity)၊ တစ်နိုင်ငံ နှင့်တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက် စွက်ဖက်ခြင်းမပြုရန်(Non-interference in each other’s internal affairs) ၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှုမပြုရန် (Non-aggression)စတဲ့    ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး  ၅ ချက်   (Five  principles  of   peaceful co-existence) နဲ့အညီ လက်တွေ့ဆက်ဆံကျင့်သုံးနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။


အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံရဲ့ နယ်နိမိတ်ပိုင်ဆိုင်မှုကို 
မြန်မာနိုင်ငံက မည်သည့်အခါကမျှ မထိပါးခဲ့


ခေတ်အဆက်ဆက် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ ရဲ့ နယ်နိမိတ်ပိုင်ဆိုင်မှုကို မြန်မာနိုင်ငံက မည်သည့် အခါကမျှ မထိပါးခဲ့သလို ထိုနိုင်ငံရဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကိုလည်း တိုက်ရိုက်ဖြစ် စေ၊ သွယ်ဝိုက်၍ဖြစ်စေ မည်သည့်အခါကမျှ ထိခိုက် နစ်နာအောင်  ပြုမူခဲ့ခြင်းမရှိပါဘူး။ တစ်ပါးနိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိခိုက်စေမယ့် လုပ်ငန်းရပ် များကိုလည်း   ထောက်ခံအားပေးခြင်း   မပြုလုပ်ခဲ့ ပါဘူး။


ဒါ့အပြင်  အတိတ်ကာလမှာ   နိုင်ငံတစ်နိုင်ငံ၊ အုပ်စုတစ်စုရဲ့ဩဇာခံ၊ ခြယ်လှယ်ခံအဖြစ် မည်သည့် အခါကမျှ မတည်ရှိခဲ့ဘဲ ဩဇာလွှမ်းမိုးခြင်းကင်းသော လွတ်လပ်တဲ့ကြားနေရေးဝါဒကို ခိုင်မာစွာ စွဲကိုင် ထားမှုကြောင့် ကမ္ဘာကအသိအမှတ်ပြုခဲ့ခြင်း ခံခဲ့ရ ပါတယ်။ တကယ်တမ်းစစ်မှန်သော ကမ္ဘာ့ကြားနေ နိုင်ငံများမှာ မြန်မာနိုင်ငံနဲ့ ဆွစ်ဇာလန်နိုင်ငံတို့သာ ရှိတယ်လို့လည်း  မှတ်ကျောက်တင်လေးစားခြင်းခံခဲ့ရပါတယ်။


မျက်မှောက်ကာလမှာလည်း    ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ၊ ဒေသတွင်းအာဆီယံအဖွဲ့ဝင် တစ်နိုင်ငံ ပီပီ ကုလသမဂ္ဂပဋိညာဉ်၊ အာဆီယံပဋိညာဉ်ပါမူများ၊ ရည်မှန်းချက်များနဲ့အညီ     လက်တွေ့လိုက်နာ ကျင့်သုံးခဲ့တဲ့အတွက် ကမ္ဘာ့နိုင်ငံများရဲ့အလယ်မှာ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေတဲ့နိုင်ငံဖြစ်ပါတယ်။


ဗီဒီယိုမိန့်ခွန်းကတစ်ဆင့် မြန်မာ့ပြည်တွင်းရေးကို 
ပြောင်ပြောင်တင်းတင်းစွက်ဖက်


ဒါပေမယ့် ပြီးခဲ့တဲ့   ဒီဇင်ဘာလ ၈ ရက်နေ့မှာ တော့ တီမောလက်စ်တေနိုင်ငံသမ္မတ  ဂျိုဆေးရာမို့စ် ဟော်တာက   ဗီဒီယိုမိန့်ခွန်းကတစ်ဆင့်    မြန်မာ့ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက် စွက်ဖက်လာခဲ့ပါတယ်။
ရာမို့စ်ဟော်တာက မြန်မာ့တပ်မတော်သားတွေ ကို ရည်ရွယ်ပြီး “ကြည်းတပ်၊ လေတပ်၊  ရေတပ်၊ ရဲတပ်ဖွဲ့ထဲမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သင် တို့ကို ပြောချင်တာက သင်တို့ရဲ့လက်နက်တွေကို ပြည်သူတွေဆီ မချိန်ထားပါနဲ့။  သူတို့ဟာ  သင်တို့ရဲ့ ပြည်သူတွေပါ။ မြန်မာနိုင်ငံဟာ တခြားနိုင်ငံတစ်ခု က ကျူးကျော်ခံရတာမဟုတ်ပါဘူး” လို့ ပြောကြား သွားပါတယ်။ ဒါ့အပြင် ပြည်သူတွေထဲက မွေးဖွား လာတဲ့   တပ်မတော်သားတွေအနေနဲ့    စစ်ကောင်စီ လက်အောက်ကနေ   ထွက်ခွာပြီး    ပြည်သူတွေကို အကာအကွယ်ပေးရင်း    သမိုင်းသစ်စိုက်ထူကြဖို့၊ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း   အာရုံစိုက်ပြီး ပိတ်ဆို့အရေးယူဖို့    တိုက်တွန်းတောင်းဆိုသွားပါ တယ်။


အာဆီယံပဋိညာဉ်တွေကို 
ပြောင်ပြောင်တင်းတင်း ချိုးဖောက်


ရာမို့စ်ဟော်တာရဲ့ ပြောကြားမှုက နိုင်ငံတစ်နိုင်ငံ ရဲ့သမ္မတတစ်ဦးအနေနဲ့ ကျင့်ဝတ်သိက္ခာမဲ့လွန်းလှ ပါတယ်။  ဒါ့အပြင်   အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တောင်မရောက်သေးဘဲ လေ့လာသူအဆင့်မှာတင် အာဆီယံရဲ့    အခြေခံမူတွေနဲ့    ပဋိညာဉ်တွေကို ပြောင်ပြောင်တင်းတင်း    ချိုးဖောက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ 


အာဆီယံတင်းပြည့်အဖွဲ့ဝင်နိုင်ငံတွေကြားမှာတောင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့လွတ်လပ်မှု၊ အချုပ် အခြာအာဏာပိုင်ဆိုင်မှုနဲ့ အမျိုးသားရေးလက္ခဏာ များအပေါ်  အပြန်အလှန်လေးစားရန်၊   တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို   တခြားနိုင်ငံများမှ   ဝင်ရောက် စွက်ဖက်ခြင်းမပြုရန် စတဲ့လိုက်နာရမယ့်  အာဆီယံ ရဲ့ အခြေခံမူတွေ၊  ပဋိညာဉ်စာတမ်းတွေ   ရှိတယ် ဆိုတာကို သမ္မတရာမို့စ်ဟော်တာက မသိတာဘဲ လား၊    သိလျက်နဲ့       တမင်ဂရုမစိုက်ခြင်းလားလို့  မေးခွန်းထုတ်စရာ ဖြစ်ရပါတယ်။
တကယ်တော့   အင်ဒိုနီးရှားလက်အောက်က ခွဲထွက်ပြီး ၂၀၀၂ ခုနှစ်ကမှ ကုလသမဂ္ဂက  လွတ်လပ် တဲ့နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့တဲ့ အရှေ့ တီမောဆိုတဲ့   တီမောလက်စ်တေနိုင်ငံငယ်လေး အနေနဲ့ နိုင်ငံတကာဆက်ဆံရေး သံခင်းတမန်ခင်း ကဏ္ဍမှာ   သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့၊    နိုင်ငံ အများစုရဲ့လေးစားခြင်းခံရတဲ့      မြန်မာနိုင်ငံကို ထိပ်ပုတ်ခေါင်းပုတ်စော်ကားခဲ့တာများပါပြီ။


တီမောလက်စ်တေအစိုးရရဲ့ လုပ်ဆောင်ချက်အပေါ် ကန့်ကွက်ကြောင်း သတိထောက်လွှာပေးအပ်


ဒီမိုကရေစီအရေးကို အကြောင်းပြပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်မှာ တီမောလက်စ်တေနိုင်ငံမှာ ကျင်းပ ခဲ့တဲ့ တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ ရဲ့ (၉)ကြိမ်မြောက် အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆို ပွဲအခမ်းအနားမှာ မြန်မာနိုင်ငံက အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် ကြေညာထားတဲ့ NUG ကိုယ်စားလှယ် တွေကို ဖိတ်ကြားတက်ရောက်စေခဲ့ပြီး သမ္မတက လက်ခံတွေ့ဆုံခဲ့တဲ့အတွက်   တီမောလက်စ်တေ သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Avelino Fer-nandes Ximenes Pereira ကို ဇူလိုင် ၅ ရက်မှာ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဖိတ်ခေါ် ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက       တီမောလက်စ်တေအစိုးရရဲ့ လုပ်ဆောင်ချက်အပေါ်       ကန့်ကွက်ကြောင်းနဲ့  ယင်းသို့တွေ့ဆုံမှုမျိုး   နောင်တွင်     မပြုလုပ်ရေး တိုက်တွန်းပြောကြားပြီး    ကန့်ကွက်တဲ့     သတိ ထောက်လွှာကို  ပေးအပ်ခဲ့ပါတယ်။


သတိထောက်လွှာမှာ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်တဲ့   NUG   ကို   တီမောလက်စ်တေအစိုးရက ဖိတ်ကြားခဲ့မှုဟာ   မြန်မာနိုင်ငံအတွင်း   ၎င်းအဖွဲ့ အစည်းမှ ကျူးလွန်ဆောင်ရွက်နေတဲ့ အကြမ်းဖက် လုပ်ရပ်များအား   အားပေးအားမြှောက်   ပြုလုပ်ရာ ရောက်ကြောင်းနဲ့   မြန်မာနိုင်ငံရဲ့   အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာစာချုပ်တွေကို ဖောက်ဖျက်ရာလည်းရောက်ကြောင်း ဖော်ပြပါရှိပါ တယ်။


မြန်မာနိုင်ငံအနေနဲ့   နိုင်ငံတကာဆက်ဆံရေး မှာ မြန်မာ့ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာနဲ့အညီ “ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ” ဆိုတဲ့သဘော အတိုင်း  တီမောလက်စ်တေနိုင်ငံအစိုးရကို သတိထောက်လွှာအဆင့်သာပေးအပ်ခဲ့မှုအပေါ်   အချို့ သော   ဝါရင့်သံတမန်ဟောင်းကြီးများက   သံတမန် ရေးရာပြောဆိုတဲ့နေရာမှ အဆင့်(၅)ဆင့်ရှိတဲ့အနက် သတိထောက်လွှာဟာ   ဒုတိယအဆင့်လောက်ပဲ ရှိကြောင်း၊ သတိထောက်လွှာအပြင် သတိပေးချက် ထုတ်ပြန်ခြင်း၊ သံရုံးအဆင့်လျှော့ချခြင်း၊ သံတမန် ဆက်သွယ်မှုဖြတ်တောက်ခြင်းများလည်း   ပြုလုပ် နိုင်ကြောင်း မှတ်ချက်ပြုပြောဆိုခဲ့ကြပါတယ်။ 


ဒါပေမယ့်  တီမောလက်စ်တေအစိုးရဟာ မြန်မာ နိုင်ငံက  သတိပေးပြောဆိုမှုတွေ ဆက်တိုက်ပြုလုပ် နေတဲ့ကြားက NUG နဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ် နေရုံမက မြန်မာ့ပြည်တွင်းရေးကို ပေါ်ပေါ်တင်တင် ဝင်ရောက်စွက်ဖက်နှောင့်ယှက်မှုများ၊   အာဆီယံ အဖွဲ့ဝင်နိုင်ငံတောင်    မဖြစ်သေးဘဲ    အာဆီယံမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မဟုတ်မမှန်သတင်းများ အမြဲတစေ   ထုတ်လွှင့်အပုပ်ချနေမှုများကြောင့် နိုင်ငံတော်အစိုးရက တီမောလက်စ်တေ သံရုံးယာယီ တာဝန်ခံကို ပြီးခဲ့တဲ့စက်တင်ဘာ ၁ ရက်မတိုင်ခင် မြန်မာနိုင်ငံက ထွက်ခွာဖို့ ဩဂုတ်လ ၂၇ ရက်နေ့မှာ အမိန့်ထုတ်ပြန်ခဲ့ရပါတယ်။ 


တကယ်တော့    သံတမန်အဖွဲ့အစည်းဆိုတာ နိုင်ငံအချင်းချင်းဆက်ဆံရာမှာ    အစဉ်ချောမွေ့ ပြေပြစ်စေရန်အတွက် သက်ဆိုင်ရာနိုင်ငံများမှ နိုင်ငံ့ ကိုယ်စား  တာဝန်ပေး စေလွှတ်ထားတဲ့ အဖွဲ့အစည်း တစ်ရပ်ဖြစ်ပါတယ်။


သံတမန်များကို      နိုင်ငံခေါင်းဆောင်အား ကိုယ်စားပြုစေလွှတ်သော သံအမတ်ကြီး (Amba-ssadors)၊   အထူးအာဏာကုန်လွှဲအပ်ထားသော သံတမန်များ(Minister Plenipotentiary & Envoy Extraordinary)၊ သံအမတ်များ (Minister Resi-dent) နဲ့ နိုင်ငံခြားရေးသံရုံးမှ တာဝန်ပေး စေလွှတ် သောသံမှူးများ(Charge d’ Affaires) ဆိုပြီး ခွဲခြား ထားလေ့ရှိပါတယ်။    သံတမန်အဖွဲ့အစည်းများ အတွင်းမှ ဝါအရင့်ဆုံးပုဂ္ဂိုလ်ကိုလည်း ခေါင်းဆောင် (Doyen)အဖြစ် သတ်မှတ်လေ့ရှိပါတယ်။


သံတမန်တစ်ဦးဟာ လက်ခံတဲ့နိုင်ငံရဲ့တည်ဆဲ
ဥပဒေဘောင်များအတွင်းကသာ သံတမန်ရေးရာ 
ကိစ္စရပ်များ ဆောင်ရွက်ရမှာဖြစ်


သံတမန်တွေဟာ နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြု လာရောက်ရတဲ့ ပုဂ္ဂိုလ်များဖြစ်တာနဲ့အညီ သူတို့ရဲ့ တာဝန်တွေကို  ပြည့်ဝစွာ ထမ်းဆောင်နိုင်ဖို့အတွက် လက်ခံတဲ့နိုင်ငံက သံတမန်ဆိုင်ရာကင်းလွတ်ခွင့်များ(Diplomatic Immunity)လည်း ပေးထားရပါ တယ်။  


ဒါပေမယ့် သံတမန်တစ်ဦးဟာ မိမိကြိုက်နှစ်သက် သလိုပြုမူနိုင်တဲ့ အခွင့်အရေးရှိတယ်လို့   ယူဆလို့ မရပါဘူး။   လက်ခံတဲ့ နိုင်ငံရဲ့  တည်ဆဲဥပဒေဘောင် များအတွင်းကသာ မိမိရဲ့ သံတမန်ရေးရာကိစ္စရပ် များကို ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ 
လက်သင့်ခံထားတဲ့နိုင်ငံရဲ့ ပြည်တွင်းအေးချမ်း တည်ငြိမ်မှုကို နှောင့်ယှက်ချိုးဖောက်လာပါက  မလို လားအပ်သော သံတမန်တစ်ဦး (Persona non grata) အဖြစ်  သတ်မှတ်ပြီး သူ့ကို ပြန်လည်စေလွှတ်ခြင်း၊ စေလွှတ်ထားတဲ့နိုင်ငံမှ   ပြန်လည်ခေါ်ယူစေရန် (Recall) တောင်းဆိုခြင်းတွေ ဆောင်ရွက်ခွင့်ရှိပါ တယ်။ လက်သင့်ခံတဲ့  နိုင်ငံတစ်နိုင်ငံရဲ့ အရေးအခင်း တွေကို   ထိခိုက်အောင်ဆောင်ရွက်ခဲ့တဲ့အတွက် ပြန်လည်စေလွှတ်သော၊ သို့မဟုတ် ပြန်လည်ခေါ်ယူ ရန်တောင်းဆိုခဲ့သော  ဖြစ်စဉ်များဟာ သံတမန်များ သမိုင်းတစ်လျှောက်မှာ များစွာရှိခဲ့ပါတယ်။ သံတမန် တွေဟာ မိမိကို လက်ခံထားတဲ့  နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးရာကိစ္စရပ်တွေမှာ  ဝင်ရောက် စွက်ဖက်နှောင့်ယှက်မှု  မပြုလုပ်ရဆိုတဲ့အချက်ကို ကမ္ဘာတစ်ဝန်းလုံးက အသိအမှတ်ပြုထားကြပါတယ်။ 


သံတမန်တစ်ဦးတစ်ယောက်မှာတောင် လိုက်နာ ရမယ့် သံတမန်ရေးဆိုင်ရာ  ကျင့်ဝတ်တွေရှိတယ် ဆိုရင်  နိုင်ငံခေါင်းဆောင်များအဖို့   နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ  အပြန် အလှန်လေးစားရေး၊ ပြည်တွင်းရေးအပေါ် ဝင်ရောက် စွက်ဖက်နှောင့်ယှက်ခြင်းမပြုရေးဆိုတဲ့  နိုင်ငံတကာ ကျင့်ဝတ်တွေကို လေးစားလိုက်နာဖို့ လိုအပ်တာပေါ့။


နိုင်ငံ့ခေါင်းဆောင်သမ္မတတစ်ဦးရဲ့   
ဂုဏ်သိက္ခာနဲ့ မလျော်ညီတဲ့ ပြုမူပြောဆိုမှု


တီမောလက်စ်တေသမ္မတ ရာမို့စ်ဟော်တာရဲ့ ယခုမြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြုမူ ပြောဆိုမှုတွေကတော့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ် နိုင်ငံရဲ့ လိုက်နာရမယ့် ကျင့်ဝတ်စံနှုန်းတွေ၊ ဒေသ တွင်းအာဆီယံနိုင်ငံများကြားမှာ   လိုက်နာရမယ့် အခြေခံမူတွေ၊ ပဋိညာဉ်စာတမ်းတွေကို ဘေးချိတ်ပြီး နိုင်ငံ့ခေါင်းဆောင်သမ္မတတစ်ဦးရဲ့   ဂုဏ်သိက္ခာနဲ့ မလျော်ညီတဲ့ ပြုမူပြောဆိုမှုတွေပဲလို့ဆိုရမှာ ဖြစ်ပါ တယ်။


၁၆ ရာစုအတွင်းက ပေါ်တူဂီတို့ရဲ့ ကိုလိုနီပြုမှုကို ခံရပြီး ၁၉၇၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ အင်ဒိုနီးရှား လက်အောက်မှာ  အင်နိုနီးရှားစစ်တပ်နဲ့   တီမော နယ်မြေခွဲထွက်ရေးအုပ်စုများကြား ကာလကြာရှည် ပဋိပက္ခများကြောင့် လူနေမှုအဆင့်အတန်းနိမ့်ကျ လာရာကနေ ဩစတြေးလျနိုင်ငံရဲ့ ထောက်ခံမှု၊ ကုလ သမဂ္ဂရဲ့စေ့စပ်မှုအရ ၂၀၀၂ ခုနှစ် မေလ ၂၀ ရက်နေ့ မှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ပေါ်ထွက်လာတဲ့  တစ်ချိန်က အရှေ့တီမောလို့ခေါ်တဲ့ တီမောလက်စ်တေနိုင်ငံငယ်လေးအနေနဲ့ ကမ္ဘာ့နိုင်ငံ တွေနဲ့ ဒေသတွင်းနိုင်ငံတွေကြားမှာ မိတ်ဝတ်မပျက် ဆက်ဆံရေးကို  ထူထောင်နိုင်ဖို့ဆိုရင်  နိုင်ငံတကာ ဆက်ဆံရေးနဲ့  သံခင်းတမန်ခင်းကဏ္ဍမှာ နိုင်ငံတိုင်း လေးစားလိုက်နာရမယ့်       ကျင့်ဝတ်စံနှုန်းတွေ ကို လေ့လာသင်ယူဖို့၊   သင်ယူပြီးရင်လည်း   မမေ့ မလျော့နဲ့  လေးစားလိုက်နာဖို့    သတိပေးစကား ဆိုပါရစေ။    ။