
ပေကျင်း မေ ၁၂
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မေ ၁၁ ရက်က ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတသစ်အဖြစ် ရွေးကောက်ခံရသည့် ဖာဒီနန်မားကို့စ်ဂျူနီယာထံ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။
တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် အိမ်နီးချင်း နိုင်ငံများဖြစ်ပြီး အေးအတူပူအမျှ နေထိုင်ခဲ့ကြကြောင်း ရှီက ပြောကြားလိုက်သည်။
မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံလုံး၏ ပူးပေါင်းကြိုးစားမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး တောင့်တင်းခိုင်မာခဲ့ပြီး အခြေအနေတိုးတက်မြင့်မား လာခဲ့ခြင်းက နှစ်နိုင်ငံအတွင်းရှိ ပြည်သူများ၏ အကျိုးစီးပွားကို ဆောင်ကြဉ်းနိုင်ခဲ့ကြောင်းနှင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုလည်း ရရှိခဲ့ကြောင်း ရှီက ပြောသည်။
ထို့အတူ တရုတ်ဒုတိယသမ္မတ ဝမ်ချီရှန်က ဖိလစ်ပိုင်နိုင်ငံ၏ ဒုတိယသမ္မတဖြစ်လာသော ဆာရာ ဒူတာတေးကာပီယိုထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
ဆင်ဟွာ