
ဂျကာတာ ဖေဖော်ဝါရီ ၁၅
အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ပရာဘိုဝူဆူဘီရန်တိုက ၎င်းသည် ဗုဒ္ဓဟူးနေ့ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရန် လမ်းကြောင်းပေါ်ရောက်နေကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း တခြားရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း နှစ်ဦးက ရွေးကောက်ပွဲရလဒ်သည် လုံးဝရှင်းရှင်းလင်းလင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။
လတ်တလော မဲရေတွက်မှု စာရင်းများအရ ပရာဘိုဝူသည် ထောက်ခံမဲ ၅၅ ရာခိုင်နှုန်းကျော် ရရှိထားသည်။ သို့သော်လည်း နောက်ဆုံးမဲရလဒ် စာရင်း ထုတ်ပြန်ကြေညာသည့် အချိန်အထိ စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း ၎င်းကပြောကြား ခဲ့သည်။ ယခင် ဂျကာတာအုပ်ချုပ်ရေးမှူးဟောင်း အန်နီးစ်ဘတ်စ်ဝီဒန်က ထောက်ခံမဲ ၂၅ ရာခိုင်နှုန်း ရထားပြီး ဗဟိုဂျာဗားအုပ်ချုပ်ရေးမှူး ဂန်ဂျာပရာနိုဝို သည် ၁၆ ရာခိုင်နှုန်းသာ ရရှိထားသည်။
၎င်းတို့ နှစ်ဦးလုံးသည် မဲရုံတွင်လိမ်လည်မှု များသာမက ပရာဘိုဝူ၏ မဲဆွယ်စည်းရုံးမှုတွင် လိမ်လည်မှု ကိစ္စရပ်များကို ထောက်ပြကြသည်။ အန်နီးစ်နှင့် ဂန်ဂျာတို့နှစ်ဦးလုံးသည် စုံစမ်းစစ်ဆေး မှုပြုလုပ်ပေးရေး တောင်းဆိုဖွယ်ရှိသည်။ တရားဝင် မဲစာရင်းရလဒ်ထုတ်ပြန်မှုများကို တစ်လအတွင်း ထုတ်ပြန်ဖွယ်ရှိသည်။ နိုင်ငံတစ်ဝန်း မဲပေးခွင့် ရှိသူပေါင်း သန်း ၂၀၀ ကျော်ရှိပြီး နိုင်ငံတစ်ဝန်းရှိ မဲရုံပေါင်း ၈၂၀၀၀၀ ကျော်သို့ သွားရောက်မဲပေးခဲ့ ကြသည်။
အင်န်အိတ်ချ်ကေ