သမ္မတဂျိုးဘိုင်ဒင်အစိုးရလက်ထက် တတိယအကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု အမေရိကန်ပြုလုပ်

ဝါရှင်တန်   မေ   ၁၈
အမေရိကန်ပြည်ထောင်စုသည် သမ္မတဂျိုးဘိုင်ဒင် အစိုးရလက်ထက်တွင်  တတိယအကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု         ပြုလုပ်ခဲ့ကြောင်း အင်န်အိတ်ချ်ကေသတင်းတစ်ရပ်တွင်    ဖော်ပြ ထားသည်။ 
အဆိုပါ   စမ်းသပ်မှုကို     နိုင်ငံအနောက်ပိုင်း နီဗားဒါးပြည်နယ်၌    အင်္ဂါနေ့က    လုပ်ဆောင် ခဲ့ကြောင်း     အမေရိကန်စွမ်းအင်ဝန်ကြီးဌာန၏ အမျိုးသားနျူကလီးယားလုံခြုံရေးစီမံခန့်ခွဲမှုဌာန (အင်န်အင်န်အက်စ်အေ) က ပြောသည်။ 
နျူကလီးယားထိပ်ဖူးများ၏  ဘေးကင်းမှုနှင့် ထိရောက်မှုများကို ပံ့ပိုးပေးရာ၌  နျူကလီးယား ပြိုကွဲမှုအခြေအနေမရှိသော   စမ်းသပ်မှုအပေါ်တွင်  အားထားရကြောင်း    အင်န်အင်န်အက်စ်အေက  ပြောသည်။ အမေရိကန်အစိုးရသည် ၁၉၉၂ ခုနှစ် တွင်   နျူကလီးယားပေါက်ကွဲမှုများ   ပါဝင်သော စမ်းသပ်မှုများကို ဆိုင်းငံ့ကြောင်း ထုတ်ပြန်ကြေညာ ထားသည်။ 
သို့သော်လည်း     အစိုးရအဆက်ဆက်တွင် နျူကလီးယားစမ်းသပ်မှုများကို       ဆက်လက် လုပ်ဆောင်လာခဲ့ကြသည်။    ယခင်     နျူကလီးယား စမ်းသပ်လုပ်ဆောင်မှုကို  ၂၀၂၁ ခုနှစ် စက်တင်ဘာ လတွင် ပြုလုပ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု သည် အလုံးစုံနျူကလီးယားစမ်းသပ်မှုပိတ်ပင်ရေး စာချုပ်တွင်      လက်မှတ်ရေးထိုးထားခြင်းမရှိ သော်ငြား ယခင်စမ်းသပ်မှု ၃၃ ကြိမ်နှင့် နောက်ဆုံးအကြိမ်စမ်းသပ်မှုများမှာ zero-yield စံချိန်စံညွှန်း များနှင့် ကိုက်ညီမှုရှိကြောင်း အင်န်အင်န်အက်စ်အေ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
နည်းပညာဆိုင်ရာအရ   မြေအောက်နျူကလီး ယား      ဖောက်ခွဲစမ်းသပ်မှုတွေဆီ      ပြန်သွားရန် မလိုအပ်ဘဲ နျူကလီးယားလက်နက်ဆိုင်ရာ အရေး ကြီးသည့် အချက်အလက်များကို စုဆောင်းနိုင်ရန် အတွက် ထိုကဲ့သို့ စမ်းသပ်လုပ်ဆောင်မှု အကြိမ်ရေ တိုးမြှင့်သွားရန်   အစီအစဉ်ရှိကြောင်း  အင်န်အင်န် အက်စ်အေ      အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။                                အင်န်အိတ်ချ်ကေ