သမ္မာအာဇီဝ စိတ်ရင်းစေတနာကောင်းဖြင့်လုပ်ကိုင်မှသာ ပြည်သူများစိတ်အေးချမ်းသာမည်

 

ကိုရေချမ်း

မြန်မာနိုင်ငံတွင်   ကုန်စည်ဈေးနှုန်းများ တစ်နေ့တခြား   မြင့်တက်နေသည်မှာ ပြည်သူများအတွက်      အဆန်းတော့ မဟုတ်ပါ။ အကြောင်းအမျိုးမျိုးကြောင့် ကုန်စည်ဈေးနှုန်းများ အတက်အကျဖြစ် လေ့ရှိပါသည်။  သို့သော်  တက်ပြီးလျှင် ပြန်မကျသည့် ကုန်ဈေးနှုန်းသည် သွေးရိုး သားရိုးမဟုတ်ဘဲ   မတော်လောဘများ ပါဝင်နိုင်ပါသည်။ မတော်လောဘများ ကြောင့်     ပြည်သူများအတွက်   ဖိစီးမှု ဝန်ထုပ်ဝန်ပိုးများ     ကြီးကြီးမားမား ဖြစ်လာစေပါသည်။ 
ကုန်ဈေးနှုန်းဒဏ်ကို   မြန်မာပြည် တစ်ခုတည်း       ကြံ့ကြံ့ခံနေရခြင်းတော့ မဟုတ်ပါ။       နိုင်ငံတကာတွင်လည်း ကုန်စည်ဈေးနှုန်းများ    တက်လေ့ရှိပါ သည်။ သို့သော် အတိုင်းအတာရှိသည်။ အကြောင်းရင်း       အချက်အလက်များ  အခိုင်အမာရှိသည်။ ဖြစ်သင့်ဖြစ်ထိုက် သော အနေအထားဖြင့် တက်လေ့ရှိကြ သည်။ ကမ္ဘာ့နိုင်ငံများတွင် ကုန်ဈေးနှုန်း  တက်ရခြင်း       အကြောင်းရင်းများကို လေ့လာကြည့်လျှင် စွမ်းအင်လောင်စာ  ဈေးနှုန်းမြင့်တက်မှု၊ ကုန်ပစ္စည်းရှားပါးမှု၊ သယ်ယူပို့ဆောင်စရိတ်   မြင့်တက်မှုတို့ သည် အဓိကကျသော အကြောင်းအချက် များဖြစ်သည်။
အထူးကိစ္စရပ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ၊      သဘာဝဘေးအန္တရာယ်တို့ ကြောင့်လည်း ကုန်ဈေးနှုန်း တက်နိုင်ပါ သည်။     အလုပ်အကိုင်များ     တုံ့ဆိုင်း ရပ်တန့်သွားသောအခါ   ရောင်းလိုအား နည်းပြီး     ဝယ်လိုအား   များလာသော ကြောင့် ကုန်ဈေးနှုန်းတက်ရသည်။ နိုင်ငံ အများအပြားတွင်   ကိုဗစ်-၁၉    ရောဂါ ဖြစ်ပွားပြီး  နောက်ပိုင်း  မြင့်တက်လာ သည့်   ဝယ်လိုအားများကြောင့်   ကမ္ဘာ တစ်ဝန်းသို့    ကုန်ပစ္စည်းများသယ်ယူ ပို့ဆောင်ရေးတွင် ဝန်ဆောင်မှုစရိတ်ကို တိုးမြှင့်သတ်မှတ်သောအခါ   ကုန်စည် ဈေးနှုန်းများ      မြင့်တက်လာသည်။ လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်းသည် ဈေးနှုန်းတက်ခြင်းကို တွန်းအားပေးစေ ခဲ့သည်။
  ကောလာဟလများ၊ သတင်းစကားအမျိုးမျိုးဖြစ်ပေါ်မှုကြောင့် ကုန်ဈေးနှုန်းများ တက်လာ
ဤအကြောင်းအချက်   များသည် တစ်ကမ္ဘာလုံးလက်ခံထားသည့် ကုန်ဈေး နှုန်းတက်ခြင်း၏    အဓိက   အကြောင်း အချက်များဖြစ်သည်။ မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းတက်ခြင်းနှင့် ပတ်သက်၍ အဆန်းတကြယ်ဖြစ်နေပါသည်။  နိုင်ငံ တကာက လက်ခံထားသည့် ကုန်ဈေး နှုန်းတက်ရခြင်း အကြောင်းအချက်များ နှင့်မတူဘဲ မည်သည့်အကြောင်းကြောင့် တက်ရသည်ကို  ပြည်သူများအနေဖြင့် နားလည်နိုင်ခြင်း မရှိပေ။ တိုင်းပြည်တွင် အကြောင်းကိစ္စတစ်ခုခု  ပေါ်ပေါက်လာ တိုင်း    ဈေးနှုန်းတက်နေသည်မှာ   မထူး သော်လည်း ဆန်းနေပါသည်။ ဒေါ်လာ ဈေးနှုန်းတက်၍၊ ကုန်ပစ္စည်းများ ပြတ်လပ် ၍၊ စက်သုံးဆီဈေးနှုန်းတက်၍ ဈေးနှုန်း တက်လာသည်မှာ     လက်ခံနိုင်ဖွယ်ရှိပါ သည်။ သင်္ကြန်နီးလို့၊ ကျောင်းဖွင့်တော့ မည်ဖြစ်လို့၊ လစာတိုးလို့၊ မုန်တိုင်းလာမှာ မို့လို့၊   ရေကြီးနေလို့၊   လမ်းပိတ်နေလို့ စသည့် စသည့်ထူးထူးခြားခြား အကြောင်း ကိစ္စများသာမက   ကောလာဟလများ၊ သတင်းစကားအမျိုးမျိုး     ဖြစ်ပေါ်မှု ကြောင့် ကုန်ဈေးနှုန်းများ တက်လာသည် မှာ လက်ခံနိုင်ဖွယ်မရှိပါ။
ပေါက်ပင် ဘာကြောင့်ကိုင်းရတယ်၊ ဗျိုင်းနားလို့     ကိုင်းရတယ်    ဆိုသကဲ့သို့ ကုန်ဈေးနှုန်း စတင်တက်ရခြင်းအကြောင်း အကျိုးများ ရှိရမည်ဖြစ်သည်။ လက်ရှိ ဖြစ်ပေါ်နေသော   ကုန်ဈေးနှုန်းတက်ရ ခြင်း   အကြောင်းရင်းများ၊  ကုန်ဈေးနှုန်း စတင်ကြီးမြင့်လာသည့်    ဇာစ်မြစ်ကို ရှာဖွေကြည့်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ တွင်    ကုန်ဈေးနှုန်းနှင့်    ပတ်သက်၍ ဖြစ်ပျက်နေသည်မှာ    ကုန်ပစ္စည်းများ ရှားပါးပြတ်လပ်မှု၊  စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှု၊ နိုင်ငံခြားငွေဈေးတက်လာမှု စသည့်အကြောင်းများထက်    အားလုံး ညီညာဖြဖြ တက်လိုစိတ်များဖြင့် အဖြစ် များနေသည်ကို   တွေ့ရမည်ဖြစ်သည်။ လက်ဖက်ရည်တစ်ခွက်      ကိုးရာမှ တစ်ထောင်ဖြစ်တော့ အားလုံးတက်လိုက် ကြတာ တစ်နေ့တည်းဖြစ်သည်။ သကြား ဈေး၊  နို့ဆီဈေး၊  လက်ဖက်ခြောက်ဈေး များက နေ့တိုင်းတက်နေသည့် အလား။
အကြောင်းရင်းပြနိုင်ခြင်းမရှိ 
ဆန်ဈေးနှုန်းများ အဆမတန်တက်
မည်သို့ပင်ဖြစ်စေ အခြေခံလူတန်း စား   များသော   မြန်မာနိုင်ငံတွင်   ဆန် ဈေးနှုန်း    တည်ငြိမ်ရေးသည်   အရေး အကြီးဆုံးဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို  အခြေခံသော နိုင်ငံဖြစ် သည်။    နိုင်ငံတော်ကလည်း   စိုက်ပျိုး မွေးမြူရေးကို   အထူးအားပေး   ကူညီ ဖြည့်ဆည်းပေးနေသည်။ မုန်တိုင်းသင့် ဒေသများမှအပ ပုံမှန်အခြေအနေရှိနေ သည်။ ဆန်စပါးပြတ်လပ်မှုသည် ဖြစ်နိုင် စရာအကြောင်းမရှိပါ။   စိုက်ပျိုးရာသီ အလိုက် နွေစပါး၊ မိုးစပါးများ အဆက် မပြတ်ထွက်ရှိနေသည့်အပြင်   အရေးပေါ် အနေဖြင့် အရန်ဆန်များလည်း သိုလှောင် ထားရှိပါသည်။ လမ်းပန်းဆက်သွယ်ရေး၊ ဝန်ဆောင်မှုစရိတ်များ တက်လာသော ကြောင့်   ဆန်ဈေးနှုန်း  အတိုင်းအတာ တစ်ခုအထိ တက်သည်မှာ လက်ခံဖွယ်ရာ ရှိသော်လည်း  အကြောင်းရင်းပြနိုင်ခြင်း မရှိဘဲ  ဆန်ဈေးနှုန်းများ    အဆမတန် တက်ခြင်းမှာ ထူးခြားပါသည်။
ယနေ့ကာလတွင် နိုင်ငံရေးသွေးထိုး လှုံ့ဆော်မှု၊ ကောလာဟလ ထုတ်လွှင့်မှု၊ တီးတိုးဝါဒဖြန့်မှုများကို    ပြည်တွင်း၊ ပြည်ပ နှစ်ဌာနလုံးက ပြုလုပ်နေကြသည် ကို တွေ့ရမည်ဖြစ်သည်။ အရေးကြီးသော အခြေအနေတစ်ရပ်အနေဖြင့်   ဝိသမ လောဘသမားများက   အခြေခံစားကုန် များဖြစ်သော ကြက်ဥ၊ ဘဲဥ၊ ကြက်သွန်၊ အာလူး စသည့်စားသောက်ကုန်ဈေးနှုန်း များ ဈေးကစားမှုကြောင့်  အလွန်အမင်း မြင့်တက်လာဟန်တူပါသည်။ နိုင်ငံရေး အရ ကောလာဟလ သတင်းထုတ်လွှင့်မှု များနှင့်       ကုန်ဈေးနှုန်းကြီးမြင့်မှုမှာ တိုက်ရိုက်အချိုးကျနေသလို ဖြစ်နေသည် ဟု  ဆိုရမည်ဖြစ်သည်။  “မျက်ဖြူဆိုက် လေ     ဆရာကြိုက်လေ”    ဆိုသကဲ့သို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၊   နိုင်ငံရေး အရ  မတည်မငြိမ်ဖြစ်မှု၊ ရေကြီးရေလျှံ၊ မုန်တိုင်းဖြစ်မှုတို့ကို     ဖြစ်သည့်အခါ တည်ငြိမ်မှုမရှိတော့သယောင်၊    ထပ်မံ ဖြစ်ပွားတော့မယောင်     သတင်းများ ထုတ်လွှင့်၍ ဈေးကွက်တွင် ဈေးနှုန်းများ အဆမတန်တင်လာခဲ့သည်။
နိုင်ငံသားတစ်ဦးဟူသော  
အသိစိတ်ဓာတ်ဖြင့် အများအကျိုး ဆောင်ရွက်သင့်
နိုင်ငံတော်အနေဖြင့်     ပြည်တွင်း ထွက်ကုန်များ   တိုးတက်ထွက်ရှိရေး၊ စားရေရိက္ခာဖူလုံရေး၊ ကုန်စည်ဈေးနှုန်း များ  တည်ငြိမ်ရေး၊   တိုင်းပြည်သာယာ ဝပြောရေးအတွက်    အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးနေ ပါသည်။     ကုန်ပစ္စည်းလက်ဝယ်ရှိသူ ရောင်းဝယ်ဖောက်ကားသူများ   အနေ ဖြင့်    အများအကျိုးအတွက်   စေတနာ မှန်ကန်စွာထားရှိခြင်း   မရှိပါက   နိုင်ငံ တော် အေးချမ်းသာယာရေးနှင့် အများ ပြည်သူစိတ်ချမ်းသာရေးကို ပေးစွမ်းနိုင် မည်    မဟုတ်ပါ။    နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အစွမ်းကုန်    တည်ဆောက်နေချိန်တွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့အကျိုး အမြတ်ကိုသာ   အဓိကမထားဘဲ   မိမိ လည်း   နိုင်ငံသားတစ်ဦးဟူသော  အသိ စိတ်ဓာတ်ဖြင့်    မိမိနှင့်သက်ဆိုင်သော ကုန်ရောင်း၊   ကုန်ဝယ်၊  ကုန်စည်ဖလှယ် မှုများတွင်      အများအကျိုးအတွက် ဆောင်ရွက်သင့်ပါသည်။
“ဘယ်သူသေသေ      ငတေမာရင် ပြီးရော” ဟူသော အတွေးအခေါ်များရှိနေ သေးပါက တိုးတက်သာယာဝပြောသော နိုင်ငံတည်ဆောက်ရာတွင်      အဟန့် အတားဖြစ်နေမည်မှာ သေချာပါသည်။ ထိုစိတ်ဓာတ်များအပေါ်     ပြည်တွင်း၊ ပြည်ပ      ပယောဂများက    လောင်စာ ထပ်ဖြည့်ပေးလိုက်သောအခါ ပြည်သူ အများစု     အခက်အခဲများနှင့်     ရင်ဆိုင် ကြုံတွေ့ရမည်ဖြစ်သည်။ နိုင်ငံပျက်စီး စေလိုသည့် ပြည်တွင်း၊ ပြည်ပ ပယောဂ များရှိနေပါသည်။ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံ ရေး၊ စီးပွားရေး အခြေခံအဆောက်အအုံ ကို  ပြောင်းလဲတည်ဆောက်ခြင်းသည် နေ့ချင်းညချင်း   ပြီးနိုင်သည့်    လုပ်ငန်း မဟုတ်ပါ။ များစွာကျယ်ပြန့်လှ၍ အချိန် အတန်ကြာ စောင့်ရပါသည်။
ယနေ့ကာလတွင် နိုင်ငံရေးနယ်ပယ် တွင်သာမက စီးပွားရေးနယ်ပယ်တွင်ပါ အမြတ်ထုတ်လိုသူများ၊      အသုံးချလို သူများ ရှိနေသည်ကို သတိချပ်ရမည်ဖြစ် သည်။   စစ်မြေပြင်တွင်   စစ်တိုက်ရာ၌ လည်းကောင်း၊     စီးပွားရေး၊    နိုင်ငံရေး လုပ်ရာ၌  လည်းကောင်း  မှန်ကန်သော သတင်းအချက်အလက်များကို  အခြေခံ တွက်ချက် လုပ်ဆောင်မှသာ အောင်မြင်မှု ရနိုင်ပါသည်။ မမှန်သတင်းများ၊ သတင်း တုများ၊ ကောလာဟလများ၊ မရိုးသား သောစိတ်ထားများဖြင့် တစ်ဖက်မှ စီးပွား ပြိုင်ဘက်၊   နိုင်ငံရေးပြိုင်ဘက်၊   စစ်ရေး ရန်သူတို့      သပ်သွင်းပေးလိုက်သည့် သတင်းများကို အခြေခံလုပ်ဆောင်မည် ဆိုပါက   အရှုံးနှင့်သာ  ရင်ဆိုင်ရမည်ဖြစ် သည်။    
အလိမ်အညာ၊ ကောလာဟလ သတင်းစကားများဖြင့် အမြတ်ထုတ်
နိုင်ငံရေးနှင့်စီးပွားရေး ရောယှက်နေ သည်ကို သာဓကထုတ်ဆောင်မည်ဆို လျှင် ဖြစ်ပေါ်ခဲ့သော နိုင်ငံ့အရေးအခင်း များတွင်   ဝိသမလောဘဖြင့်    အမြတ် ကြီးစားကာ အခွန်အကောက်လိမ်လည် ပတ်ရှောင်ပြီး စီးပွားဖြစ်ခဲ့ကြသူများသည် ၎င်းတို့၏   တရားမဝင်   ငွေမည်းများကို ငွေဖြူဖြစ်အောင် မျှော်ကိုးကာ ဆူပူမှုများ တွင် ငွေပုံအောကာ ဝင်ရှုပ်ခဲ့ကြသည်။ နိုင်ငံရေးနယ်ပယ်တွင်သာမက   စီးပွား ရေး    နယ်ပယ်တွင်        အလိမ်အညာ၊ ကောလာဟလ သတင်းစကားများဖြင့် အမြတ်ထုတ်ခဲ့ကြရာ   အဆိုပါဒဏ်ကို ပြည်သူများ ခံစားကြရသည်။ စူဇကာ များမှာ    မထိခိုက်၊    တိုင်းဆူပြည်ဖျက် ပုံအောခဲ့သော ငွေကြေးများထက် အဆ ပေါင်းများစွာသာသည့် ငွေကြေးများကို စီးပွားရေးသောင်းကျန်းကာ ပြည်တွင်း၌ ပြန်ရှာနိုင်သည့်    နည်းလမ်းများလည်း ရှိနိုင်သည်။
မြန်မာနိုင်ငံသားများအတွက် အခြေခံ စားကုန်ဖြစ်သော   ဆန်ဈေးနှုန်းသည် လက်ရှိအခြေအနေတွင် သင်္ကာမကင်း ဖွယ်ကောင်းလောက်အောင် မြင့်တက် နေပါသည်။ ယခင်က ၁၅၀၀၊ ၂၀၀၀ တန် ဆန်တစ်ပြည်သည်  ယခုအခါ  ၃၀၀၀၊ ၄၀၀၀ ကျော် ဖြစ်နေသည်မှာ ဆန်စပါး အထွက်လျော့မှု၊   စက်သုံးဆီ   ဈေးနှုန်း ကြီးမြင့်မှုတို့ကြောင့် ဖြစ်နိုင်ဟန် မတူပါ။ လယ်သမားများ အမှန်တကယ်ကုန်ကျ ခဲ့သော    စိုက်ပျိုးစရိတ်ကို   ကျော်လွန် သော သင့်တင့်လျောက်ပတ်သည့် ပေါက် ဈေးနှုန်းများထက် အဆမတန်ကျော်လွန် သော  ဈေးနှုန်းမြင့်တက်မှုကို  စားသုံးသူ ပြည်သူများ     ရင်ဆိုင်ကြုံတွေ့နေရ ပါသည်။   ဆန်ဈေးနှုန်းများ   တရိပ်ရိပ် မြင့်တက်လာခြင်းသည် ဆန်ဈေးကစား မှုကြောင့်လည်း ဖြစ်နိုင်ပါသည်။
လက်ဝါးချင်းရိုက်ပြီး ဆန်ဈေးနှုန်းတက်ရိပ်ခြေကို ဖန်တီး
ကုန်စည်ဈေးနှုန်းသည် ကုန်သည် များ၏   လက်ဝယ်တွင်သာ   ရှိသည်ဟု ဆိုလျှင်   မှားမည်မထင်ပါ။  အချို့အချို့ သော     ဆန်ကုန်သည်များအနေဖြင့် လက်ငင်းဝယ်လိုအား     တက်နေမှုကို အခြေတည်၍ လွန်ကဲစွာ သိုလှောင်ခြင်း၊ စေတနာမမှန်သောသူအချို့နှင့် လက်ဝါး ချင်းရိုက်ပြီး ဆန်ဈေးနှုန်းတက်ရိပ်ခြေကို ဖန်တီးခြင်း၊ လွန်ကဲသော ဝိသမလောဘ ဖြင့် သင့်တင့်လျောက်ပတ်သော ဈေးနှုန်း ထက် အဆမတန် မြှင့်တင်ရောင်းချခြင်း များနှင့်   နိုင်ငံတွင်    ဖြစ်ပေါ်လာသော အခြေအနေအရပ်ရပ်ကို အခွင့်ကောင်းယူ အသုံးချခြင်းများအပါအဝင် ဆောင်ရွက်မှု များမှာ  နိုင်ငံတစ်ဝန်းရှိ  ဆန်ကိုအဓိက စား သုံးကြသော   ပြည်သူလူထုတစ်ရပ်လုံး အပေါ် စေတနာမထားခြင်းတို့မှာ ပေါ်လွင် နေပါသည်။ ပြည်သူများအပေါ် “ဘယ်သူ သေသေ ငတေမာရင် ပြီးရော” စိတ်ဓာတ် မျိုး မထားရှိသင့်ပါ။
ကုန်သည်များအားလုံးကို မဆိုလိုပါ။ အချို့အချို့သော ဆန်ကုန်သည်ကြီးများ အပြင်     အခြားကုန်သည်များအနေဖြင့် ဆန်၊  ဆီ    အပါအဝင်    အခြေခံစားကုန် များ  ပုံမှန်အခြေအနေရှိနေသော်လည်း  ရန်ကုန်အပါအဝင် အချို့ဒေသများတွင် အခြေခံစားကုန်များ အဆမတန်ဈေးနှုန်း မြင့်တက်ရောင်းချနေမှုများသည်    ကုန် ပစ္စည်းများ ပြတ်လပ်မှုကြောင့်မဟုတ်ဘဲ ဝိသမလောဘစိတ်ဖြင့်    လုပ်ကိုင်ခြင်း ဆိုလျှင် မဖြစ်သင့်၊ မလုပ်သင့်ပါ။ သဘာဝ ဘေးကြုံတွေ့ခဲ့ရသော    ယခုလိုကာလ မျိုး၌     စားသုံးသူပြည်သူများအပေါ် ကိုယ်ချင်းစာတရား  လက်ကိုင်ထားပြီး နှစ်ဦးနှစ်ဖက်   အကျိုးရှိအောင်   သမ္မာ အာဇီဝ   စိတ်ရင်းစေတနာကောင်းဖြင့် လုပ်ကိုင်ကြမှသာ      ဆန်ဈေးနှုန်းအပါ အဝင် အခြားစားသောက်ကုန် ကုန်စည် ဈေးနှုန်းများ  တည်ငြိမ်ကျဆင်းလာပြီး ပြည်သူများ စိတ်အေးချမ်းသာမည်ဖြစ် ပါကြောင်း။           ။