
ရန်ကုန် ဖေဖော်ဝါရီ ၉
မြန်မာနိုင်ငံ၏ ပြည်တွင်း SMEs လုပ်ငန်းများ နှင့် စားသောက်ကုန်စနစ်တွင် စတင်လုပ်ကိုင် သူများအတွက် ဆန်းသစ်တီထွင်ခြင်းဆိုင်ရာ စိန်ခေါ်မှုတစ်ခုဖြစ်သည့် I2N Myanmar Challenge သို့ ဝင်ရောက်လျှောက်ထားနိုင် ကြောင်း သိရသည်။
I2N Myanmar Challenge သည် စားသောက်ကုန်စနစ်တစ်လျှောက် အဓိက သက်ဆိုင်သူများဖြစ်ကြသည့် ပုဂ္ဂလိကကဏ္ဍ၊ ရင်းနှီးမြှုပ်နှံသူများ၊ လက်လီရောင်းချသူများ၊ လက်ကားရောင်းချသူများနှင့် နည်းပညာ ပံ့ပိုးပေးသူများအား ချိတ်ဆက်စေပြီး startup နှင့် SME များ၏ ဆန်းသစ်တီထွင်သည့် ဖြေရှင်းချက်များကို အဆင့်မြှင့်တင်နိုင်စေရန် နှင့် အထူးသဖြင့် ချို့တဲ့သောလူများအတွက် ဈေးနှုန်းသက်သာ၍ အာဟာရပြည့်ဝသော အစားအစာများရရှိနိုင်မှု တိုးတက်စေရန် အဓိကရည်ရွယ်ပြီး လုပ်ဆောင်လျက်ရှိသည်။
World Food Programme (WFP) နှင့် LIFT Myanmar ၏ ပံ့ပိုးကူညီမှုဖြင့် SUN Business Network Myanmar သည် Impact Hub Yangon နှင့် ပူးပေါင်းကာ Innovate to Nourish (I2N) Myanmar Challenge ကို ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သည်။ I2N Myanmar Challenge 2021 တွင် လုပ်ငန်းဆယ်ခုကို ရင်းနှီးမြှုပ်နှံလိုသူများ၊ ဈေးကွက်တွင်းရှိ မိတ်ဖက်များနှင့် စျေးကွက်ချိတ်ဆက်မှုများ ပြုလုပ်ပေးခဲ့သည်။
ယခုနှစ် ၂၀၂၃ တွင် Innovate to Nourish (I2N) Myanmar Challenge 2023 တွင်ပါဝင် ရန် ဆန်ခါတင်စီးပွားရေးလုပ်ငန်းများအနေ ဖြင့် SMEs နှင့် startups ခုနစ်ခုကို ရွေးချယ်ကာ ရင်းနှီးမြှုပ်နှံမှုအဆင်သင့်ဖြစ်ရန် လေ့ကျင့် သင်ကြားခြင်း၊ လမ်းညွှန်မှုပေးခြင်းနှင့် ကွန်ရက်ချိတ်ဆက်ခြင်းစသည့် စွမ်းရည် မြှင့်တင်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားနိုင်
ဆန်ခါတင် ရွေးချယ်ခြင်းခံရသည့် လုပ်ငန်းများအနေဖြင့် ၂၀၂၃ ခုနှစ် မေလတွင် ကျင်းပမည့် Final Pitching Competition နေ့တွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ်များနှင့် စီးပွားရေး အသင်းအဖွဲ့များ၊ ရင်းနှီးမြှုပ်နှံသူများ၊ စျေးကွက်တွင်းရှိ မိတ်ဖက်များ အစရှိသည့် စားသောက်ကုန်စနစ်မှ အဓိကပါဝင် ပတ်သက် သူများ၏ရှေ့တွင် ၎င်းတို့၏ ဆန်းသစ်တီထွင်မှု ဆိုင်ရာ ဖြေရှင်းနည်းများကို ယှဉ်ပြိုင်ကြရ မည်ဖြစ်သည်။
https://bit.ly/Call_For_Application _ I2N _ Myanmar _Challenge_2023လင့်ခ်တွင် ဖေဖော်ဝါရီ ၁၉ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင် ပြီး ဖုန်း ၀၉ - ၉၇၃၄၇၄၁၄၁ (သို့မဟုတ်) yangon@impacthub.net သို့ ဆက်သွယ် စုံစမ်းနိုင် ကြောင်း သိရသည်။
သီရိ