
တိုကျို ဧပြီ ၂၈
ဂျပန်နိုင်ငံ၌ မြို့နယ်ငါးမြို့နယ်၌ သက်တမ်း ကုန်ဆုံးတော့မည့် ကိုဗစ်-၁၉ ကာကွယ် ဆေး အနည်းဆုံး တစ်သိန်း စွန့်ပစ်ရမည် ဖြစ်ကြောင်း အင်န်အိတ်ချ်ကေထံမှ သိရ သည်။
ဂျပန်နိုင်ငံ၏ အကြီးဆုံးမြို့ကြီး ၂၀ နှင့် တိုကျိုမြို့အတွင်းရှိသည့် ရပ်ကွက် ၂၃ ရပ်ကွက် တို့၌ ကာကွယ်ဆေးအသုံးပြုမှုအစီအစဉ်များနှင့်ပတ်သက်ပြီး အင်န်အိတ်ချ်ကေက စစ်တမ်းကောက်ယူခဲ့သည်။
ဂျပန်နိုင်ငံ မြို့နယ်ငါးမြို့နယ်၌ ဧပြီလ တွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သော မော်ဒါနာ ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၁၀၂၂၉၀ ကို စွန့်ပစ်ရန် မျှော်လင့်ထားကြောင်း စစ်တမ်းအရ သိရသည်။
အိုဆာကာမြို့တွင် ကိုဗစ်-၁၉ ကာကွယ် ဆေး အလုံးရေ ၈၀၀၀၀ ခန့်နှင့် တိုကျိုမြို့ နာကာနိုရပ်ကွက်တွင် ကိုဗစ်-၁၉ ကာကွယ် ဆေးအလုံးရေ ၁၃၉၃၅ လုံး စွန့်ပစ်ရမည် ဖြစ်ကြောင်း အိုဆာကာမြို့က ပြောကြားသည်။
မီဂူရိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ် ဆေး ၆၀၀၀ ခန့်၊ ဘန်ကျိုမြို့နယ်တွင် ကာကွယ် ဆေး ၁၅၇၅ လုံးနှင့် ဆူဂီနာမီမြို့နယ်တွင် ကာကွယ်ဆေးအလုံးရေ ၇၈၀ စွန့်ပစ်ရန် မျှော်လင့်ထားကြောင်း သိရသည်။
ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကိုးလမှ တစ်နှစ်အထိ သက်တမ်းတိုးရန် ကျန်းမာရေးဝန်ကြီးဌာနက မြို့နယ်များကို ဧပြီ ၂၂ ရက်က အသိပေးခဲ့သည်။ ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ကာကွယ်ဆေးဈေးနှုန်းများကို ထုတ်ဖော် မပြောခဲ့ကြောင်း၊ ထို့ကြောင့် စွန့်ပစ်ရမည့် ကာကွယ်ဆေး၏ စုစုပေါင်းတန်ဖိုးကို မသိရ ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ