သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီဖြန့်ဖြူးရောင်းချမှု အစီအစဉ်ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  စက်တင်ဘာ   ၂၆


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့  ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို စက်တင်ဘာ ၂၂ ရက်မှ စတင်၍ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး  ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် အရောင်း ဆိုင်များစာရင်းနှင့် ဈေးနှုန်းများကို စက်တင်ဘာ ၂၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။


ထပ်မံ၍ ကျန်တိုင်းဒေသကြီး/ပြည်နယ်များတွင်  သတ်မှတ်ဈေးနှုန်းဖြင့်   ရောင်းချပေးနေသည့်  စက်သုံးဆီဈေးနှုန်းနှင့် အရောင်းဆိုင်လိပ်စာတို့ကို  ပြည်သူများ သိရှိဝယ်ယူနိုင်ရန် ထပ်မံဖော်ပြထားသည်။


စားသုံးသူပြည်သူများအနေဖြင့် စက်သုံးဆီများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် သတ်မှတ် စက်သုံးဆီအရောင်းဆိုင်များတွင် ဖော်ပြပါဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ ဖုန်း၀၉-၆၆၄၀၇၅၆၈၃၊ ၀၉- ၆၆၄၅၉၆- ၃၂၇၊ ၀၉- ၆၈၇၆၃၅၉၄၃၊ ၀၉- ၆၇၆၃၂၀၈၂၆   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း ၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဖုန်း ၀၉-၄၂၁၀၀၆၇၉၄ တို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။                                                              

သတင်းစဉ်