သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီဖြန့်ဖြူးရောင်းချမှု အစီအစဉ်

 

နေပြည်တော် အောက်တိုဘာ  ၁၅  


စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်  မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်  ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်း ခဲ့သည့် စက်သုံးဆီများကို ၂၂.၉.၂၀၂၁ ရက်နေ့မှစတင်၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်း ဆိုင် ၆၀ ဆိုင်တွင် 92Ron (၁၈,၂၀၂,၂၁၄) လီတာ၊ ဒီဇယ် (၁၁,၀၀၉,၀၅၀) လီတာနှင့် Premium  ဒီဇယ် (၁၆,၈၃၂,၅၄၇) လီတာတို့ ဖြန့်ဖြူးရောင်းချပေးထားပြီး ဖြစ်ပါသည်။

 


တိုင်းဒေသကြီး/ပြည်နယ်များတွင် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် စက်သုံးဆီဆိုင် လိပ်စာများအား ကြေညာခဲ့ပြီး ဖြစ်ပါသည်။ 


ပြည်သူများအနေဖြင့်   စက်သုံးဆီများကို   တိုင်းဒေသကြီး/ပြည်နယ်အလိုက်  သတ်မှတ် စက်သုံးဆီ အရောင်းဆိုင်များတွင် ဖော်ပြပါဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ  မှန်ကန်မြန်ဆန်စေရေး   လုပ်ငန်းကော်မတီ ဖုန်း  ၀၉-၆၆၄၀၇၅၆၈၃၊  ၀၉-၆၆၄၅၉၆၃၂၇၊၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း ၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဖုန်း ၀၉-၄၂၁၀၀၆၇၉၄ တို့ကို ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည်။ 


သတင်းစဉ်