
နေပြည်တော် အောက်တိုဘာ ၁၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချ ပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများ ကို တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၃၇၀ဝ နှုန်းဖြင့် စက်တင်ဘာ ၂၀ ရက်မှ စတင်ရောင်းချလျက်ရှိရာ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွက် စားအုန်းဆီပိဿာ ၆၀၄၀၄၃၀၊ တန်ချိန် ၉၈၇၀ ရောင်းချခဲ့ပြီးဖြစ်သည်။
ရန်ကုန်မြို့အတွင်းရှိ စားသုံးသူများအတွက် အသင်း၏ အစီအစဉ်ဖြင့် ရပ်ကွက်များသို့ ဈေးကားများဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များသို့ လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီ များကို လက်ကားဝယ်ယူရောင်းချသူများအနေဖြင့် လက်လီ အရောင်းဆိုင်များတွင် အသားတင် အကျိုးအမြတ် ၂ ရာခိုင်နှုန်း ထက် မပိုသည့်ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများသို့ ပြန်လည် ဖြန့်ဖြူး ရောင်းချသွားရမည်ဖြစ်ကြောင်းနှင့် စားသုံးသူပြည်သူများ သို့ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပေးမည့်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း အမှတ် (၁၀၄/၁၀၈) ကမ်းနားလမ်း လွတ်လပ်ရေးရပ်ကွက် (ဆင်မင်းအိမ်ရာဓမ္မာရုံရှေ့) အလုံမြို့နယ် ဖုန်းအမှတ် ၀၉-၄၄၄၄ ၃၇၂၉၅၊ ၀၉-၄၀၁၅၂၇၀၄၉ နှင့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူ ရေးရာဦးစီးဌာန ၀၁-၂၅၀၂၇၀၊ ၀၉-၄၃၆၆၆၆၆၈ တို့သို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်