သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုအစီအစဉ် ဆက်လက်ဆောင်ရွက်

 

နေပြည်တော် စက်တင်ဘာ  ၂၂   


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း တို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ  သက်သာသောဈေးနှုန်းဖြင့်  ဝယ်ယူရရှိနိုင်ရန်   ရည်ရွယ်၍   ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက် ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့်  မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို စက်တင်ဘာ ၂၀ ရက်မှ စတင်ရောင်းချလျက်ရှိရာ ယနေ့ထိ ရန်ကုန်တိုင်းဒေသကြီးတွင် စားအုန်းဆီပိဿာ ၇၆၈၃၅၀ ၊ (တန်ချိန် ၁၂၅၅ တန်)၊ မန္တလေးတိုင်းဒေသကြီး၊   မကွေးတိုင်းဒေသကြီး၊   စစ်ကိုင်းတိုင်းဒေသကြီး၊   ပဲခူးတိုင်းဒေသကြီးနှင့်  ရှမ်းပြည်နယ်တို့တွင် စားအုန်းဆီပိဿာ  ၄၆၂၀၀၀ ၊ (တန်ချိန် ၇၅၅  တန်)၊ စုစုပေါင်း ပိဿာ ၁၂၃၀၃၅၀ (တန်ချိန်  ၂၀၁၀)  ရောင်းချခဲ့ပြီးဖြစ်သည်။ 


ကျန်တိုင်းဒေသကြီး / ပြည် နယ်များသို့လည်း   ဆက်လက် ရောင်းချပေးမည်ဖြစ်ပြီး စားအုန်း ဆီများကို      လက်ကားဝယ်ယူ ရောင်းချသူများအနေဖြင့် လက်လီ      အရောင်းဆိုင်များတွင်   အသား တင် အကျိုးအမြတ်  ၂   ရာခိုင်နှုန်း ထက်မပိုသည့်     ဈေးနှုန်းဖြင့်   စားသုံးသူ         ပြည်သူများသို့        ပြန်လည်ဖြန့်ဖြူး ရောင်းချရမည်     ဖြစ်ကြောင်းနှင့်    ရန်ကုန်မြို့ အတွင်းရှိ   စားသုံးသူများအတွက် အသင်း၏         အစီအစဉ်ဖြင့် ရပ်ကွက်များသို့ ဈေးကားများ ဖြင့် လှည့်လည်ရောင်းချပေးလျက် ရှိသည်။


စားသုံးသူ   ပြည်သူများသို့ လက်လီ/လက်ကား        ဖြန့်ဖြူး ရောင်းချပေးမည့် လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံဆီကုန်သည် နှင့်   ဆီလုပ်ငန်းရှင်များအသင်း၊ အမှတ်   (၁၀၄/၁၀၈)  ကမ်းနား လမ်း၊     လွတ်လပ်ရေးရပ်ကွက် (ဆင်မင်းအိမ်ရာဓမ္မာရုံရှေ့)   အလုံ မြို့နယ်   ဖုန်း-၀၉-၄၄၄၄၃၇၂၉၅၊ ၀၉-၄၀၁၅၂၇၀၄၉ နှင့်  ရန်ကုန် တိုင်းဒေသကြီး        စားသုံးသူ ရေးရာဦးစီးဌာန   ၀၁-၂၅၀၂၇၀၊  ၀၉-၄၃၆၆၆၆၆၈ တို့သို့ ဆက် သွယ်   ဝယ်ယူနိုင်ကြောင်း  သိရ သည်။ 


သတင်းစဉ်