သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

နေပြည်တော်   နိုဝင်ဘာ  ၈ 


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့်         မြန်မာနိုင်ငံဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များအသင်းတို့  ပူးပေါင်းစီစဉ် မှုဖြင့်   စားသုံးသူပြည်သူများ   သက်သာသော ဈေးနှုန်းဖြင့်     ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက် ရောင်းချပေးသည့် နိုင်ငံခြားငွေ  ၁၉ သန်းဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီတန်ချိန် ၁၆၁၃၈ ဒသမ ၃၃ (ပိဿာချိန် ၉၈၇၆၆၅၇)  ကို  တစ်ပိဿာလျှင်    လက်ကားဈေးနှုန်းငွေကျပ် ၃၇၀ဝ နှုန်းဖြင့် စက်တင်ဘာ ၂၀  ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးတွင် တန်ချိန်  ၁၂၈၂၃ ဒသမ  ၅၉၊  မန္တလေးတိုင်းဒေသကြီးတွင် တန်ချိန် ၈၄၇ ဒသမ  ၄၇၊   စစ်ကိုင်းတိုင်း ဒေသကြီးတွင် တန်ချိန် ၆၀၆ ဒသမ ၆၁၊ မကွေး တိုင်းဒေသကြီးတွင် တန်ချိန် ၈၆၉ ဒသမ ၂၂၊  ပဲခူးတိုင်းဒေသကြီးတွင် တန်ချိန် ၄၆၂ ဒသမ ၈၃၊ တနင်္သာရီတိုင်းဒေသကြီးတွင် တန်ချိန်  ၆၁ ဒသမ၂၉၊ နေပြည်တော်တွင် တန်ချိန် ၁၁၆ ဒသမ ၈၃၊ ရှမ်းပြည်နယ်တွင် တန်ချိန်  ၃၁၄  ဒသမ ၅၄၊ မွန်ပြည်နယ်တွင် တန်ချိန်  ၃၅ ဒသမ ၉၅ တို့ကို      ဖြန့်ဖြူးရောင်းချပေး ခဲ့သည်။


မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်း  ရှင်များအသင်းမှ  လက်ကားဈေးတစ်ပိဿာ လျှင် ငွေကျပ် ၃၇၀၀  နှုန်းဖြင့်  ဝယ်ယူရရှိခဲ့သည့်  အရောင်းဆိုင်များသည်      ဒေသအလိုက်  သယ်ယူပို့ဆောင်ခ      ကုန်ကျစရိတ်များ ထပ်ဆောင်း၍   နှစ်ရာခိုင်နှုန်းထက်မပိုသော  အမြတ်ဖြင့်     ရောင်းချပေးခဲ့ရာ    ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ဘုရင့်နောင်ပွဲရုံတန်း နှင့်  ညောင်ပင်လေးဈေးတို့တွင်   လက်ကား ဖြန့်ဖြူးရောင်းချပေးခဲ့သည့်အပြင် ဆီအသင်း ၏အစီအစဉ်ဖြင့် မြို့နယ်/  ရပ်ကွက်များသို့  ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ပြီး  နေပြည်တော်အပါအဝင်  ကျန်တိုင်းဒေသကြီး နှင့်      ပြည်နယ်များတွင်လည်း   လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချပေးခဲ့သည်။

ထပ်မံ၍    ဗဟိုဘဏ်မှ   ရည်ညွှန်းငွေ လဲလှယ်နှုန်းဖြင့်  တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ  အမေရိကန်ဒေါ်လာ ၁၂  သန်း ကိုလည်း    ပြည်ပနိုင်ငံခြားပေါက်ဈေးအပေါ် မူတည်၍ စားအုန်းဆီများ  မှာယူတင်သွင်းပြီး  စားသုံးသူပြည်သူများသို့     သက်သာသော ဈေးနှုန်းဖြင့်  ဖြန့်ဖြူးရောင်းချနိုင်ရေး  စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်