သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိ


 

နေပြည်တော် အောက်တိုဘာ  ၁၈ 


စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်  မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်     စားသုံးသူပြည်သူများ သက်သာသော    ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်       ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချ ပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့်    စားအုန်းဆီများကို တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၃၇၀ဝ နှုန်းဖြင့် စက်တင် ဘာ ၂၀ ရက်မှ စတင်ရောင်းချလျက်ရှိရာ ယနေ့ထိ ရန်ကုန်တိုင်းဒေသ ကြီး၊  မန္တလေးတိုင်းဒေသ ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊  မကွေးတိုင်းဒေသကြီး၊    ရှမ်းပြည်နယ်၊   နေပြည်တော်နှင့်      တနင်္သာရီတိုင်းဒေသကြီးတို့အတွက်  စားအုန်းဆီ ၇၉၁၆၇၅၅ ပိဿာ၊    တန်ချိန် ၁၂၉၃၅ ဒသမ ၈၈ တန်  ရောင်းချခဲ့ပြီးဖြစ်သည်။
ရန်ကုန်မြို့အတွင်းရှိ စားသုံးသူများအတွက်အသင်း၏ အစီအစဉ် ဖြင့် ရပ်ကွက်များသို့  ဈေးကားများဖြင့်      လှည့်လည်ရောင်းချပေးလျက် ရှိပြီး   ကျန်တိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း ဆက်လက်     ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီများကို   လက်ကား ဝယ်ယူရောင်းချသူများအနေဖြင့်    လက်လီအရောင်းဆိုင်များတွင် အသားတင် အကျိုးအမြတ် ၂ ရာခိုင်နှုန်းထက် မပိုသည့်ဈေးနှုန်းဖြင့်    စားသုံးသူ ပြည်သူများသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည်ဖြစ် ကြောင်းနှင့်    စားသုံးသူပြည်သူများသို့ လက်လီ/ လက်ကား     ဖြန့်ဖြူး ရောင်းချပေးမည့်   လုပ်ငန်းရှင်များအနေဖြင့်     မြန်မာနိုင်ငံဆီကုန် သည်နှင့်   ဆီလုပ်ငန်းရှင်များအသင်း   အမှတ် (၁၀၄/၁၀၈) ကမ်းနား လမ်း     လွတ်လပ်ရေးရပ်ကွက် (ဆင်မင်းအိမ်ရာဓမ္မာရုံရှေ့)အလုံမြို့ နယ်  ဖုန်းအမှတ်- ၀၉-၄၄၄၄၃၇၂၉၅၊ ၀၉-၄၀၁၅၂၇၀၄၉ နှင့် ရန်ကုန် တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၀၁-၂၅၀၂၇၀၊ ၀၉-၄၃၆၆၆- ၆၆၈ တို့သို့     ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။   သတင်းစဉ်