သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိစမြဲပါ

Type
5

 

တရားမျှတမှုလိုလားသူတစ်ဦး
 

 

လက်ရှိအစိုးရကို ဒီမိုကရေစီနည်းကျကျ အတိုက်အခံပြု ကန့်ကွက်ရုံမျှ၊ လွတ်လွတ်လပ်လပ်ဆန္ဒဖော်ထုတ်ရုံမျှနဲ့တော့ ယခုလို အကျဉ်းထောင်လုပ်ထုံးလုပ်နည်း နဲ့အညီ အထိရောက်ဆုံးပြစ်ဒဏ်ပေးမိမယ် မဟုတ်ဘူးထင်ပါတယ်။ အခုဟာက ရန်ကုန်မြို့ထဲမှာ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးတာတွေ ပါတယ်ဗျာ။  အပြစ်မဲ့ပြည်သူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ လုံခြုံရေး၀န်ထမ်းတွ သေကြရတယ်၊ ထိခိုက်ဒဏ်ရာရကြတာ‌တွေရှိခဲ့ပါတယ်။  

 


သူတို့သတ်ဖြတ်မှုကြောင့် မိဘမဲ့သားသမီး ဖြစ် သွားရသူ‌တွေ၊ သားသမီးဆုံးရှုံးလိုက်ရတဲ့ မိဘတွေ၊ အနန္တောအနန္တဂိုဏ်းဝင် ကျောင်းဆရာ ဆရာမတွေ ဘယ်လောက်တောင်   သတ်ဖြတ်ခံခဲ့ကြရပြီလဲ။  ဆရာတော်၊  သံဃာတော်တွေတောင်မချန်    သတ်ခဲ့ ဖြတ်ခဲ့ကြတဲ့သူတွေ၊  သွေးအေးအေးနဲ့  သတ်ရက်ခဲ့ ကြတဲ့သူတွေ၊   ယခုအချိန်အထိ     မပြီးနိုင်မစီးနိုင် ရက်ရက်စက်စက် သတ်ကြဆဲပါ၊  ဒီအကြမ်းဖက်တွေ သတ်လို့ သေဆုံးသွားခဲ့ကြသူတွေကို မေ့သွားကြလို့ မဖြစ်ဘူးထင်ပါတယ်ခင်ဗျာ။ 

 


ဒီမိုကရေစီအရေးကြွေးကြော်ပြီး သူတို့ကျူးလွန် ခဲ့တာ အကြမ်းဖက်လုပ်ရပ်တွေပါ၊ ဥပဒေအရ ထိထိ ရောက်ရောက် အပြစ်ပေးအရေးယူရမယ့် ပြစ်မှုတွေ ပါ။ သူတို့လုပ်ရပ်တွေက နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရားပျက်ပြားအောင်နဲ့    တရားဥပဒေစိုးမိုးမှု ပျက်ပြားအောင် ပြည်သူတွေ အထိတ်တလန့်ဖြစ် အောင် ပြုလုပ်တာထင်ရှားပါတယ်၊၊ ဒီလိုပြစ်မှုတွေ ကျူးလွန်မယ်ဆိုရင် ဒီလိုထိ‌ရောက်တဲ့ ပြစ်ဒဏ်ပေးခံ ရမယ်ဆိုတာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၉ (က)၊ ၅၀ ( ဈ) နဲ့ ၅၀ ( ည ) တို့မှာပါပြီးသားပါ။ စစ်အုပ်ချုပ်ရေးကာလ သတ်မှတ်ထားလို့ Martial Law အရ စစ်ခုံရုံးဖွဲ့ စစ်ဆေးဆောင်ရွက်ပြီးမှ ထိထိ ရောက်ရောက် အမိန့်ချ၊ အကျဉ်းထောင်လုပ်ထုံးလုပ် နည်းနဲ့အညီ စီရင်လိုက်တဲ့သဘောလို့ပဲ မြင်မိပါတယ်။ 

 


အကြမ်းဖက်သတ်ဖြတ် ဖောက်ခွဲဖျက်ဆီး 
ထောက်ပံ့မှု‌တွေအတွက် ထိရောက်တဲ့ အပြစ်ဒဏ် 


  ပြစ်ဒဏ်သင့်ခံရတဲ့         ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း nld ပါတီဝင် မောင်ကျော် (ခ)   ဖြိုးဇေယျာသော်ဆိုရင်   CRPH,  NUG အကြမ်းဖက်အဖွဲ့တွေရဲ့   လက်အောက်ခံ    PDF အကြမ်းဖက်တာဝန်ခံတစ်ဦးရဲ့   စေခိုင်းချက်အရ ဒီလူဟာ  moon  light  operation  လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့နဲ့ zoom meeting လုပ်၊ သူတို့ကို မထောက်ခံသူတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေ၊ ရဲတပ်ဖွဲ့ ဝင်တွေကို  ပစ်ခတ်သတ်ဖြတ်ဖို့  ရန်ကုန်မြို့ထဲမှာ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးဖို့   စည်းရုံးခဲ့တယ်၊ လှုံ့ဆော်ခဲ့တယ်၊    လူသတ်လက်နက်ခဲယမ်းတွေ ထောက်ပံ့ခဲ့တယ်၊ အလှူငွေကောက်ခံပြီး ရတဲ့အလှူ ငွေတွေနဲ့ အကြမ်းဖက်အားပေး ထောက်ပံ့ခဲ့တာများ ကို ထင်ထင်ရှားရှား တွေ့ရပါတယ်၊၊

 


သူကျူးလွန်ခဲ့တဲ့   ပြစ်မှုတွေကလည်း  အများ သား၊ သတ်ဖို့ဖြတ်ဖို့ လက်နက်ခဲယမ်း ထောက်ပံ့တာ က ၃၅ ကြိမ်၊ စီစဉ်ညွှန်ကြားတာက ၁၁ ကြိမ်၊ အစိုးရ အဆောက်အဦတွေကို အကြိမ် ၃၀ ၊  အုပ်ချုပ်ရေးမှူး ရုံးတွေကို ၃၂ ကြိမ်၊ လျှပ်စစ်ရုံးနဲ့ ကညနရုံးဝန်းကျင် မှာက ၂၅ ကြိမ်နဲ့ ကိုးကြိမ်စီ၊ CCTV control box က ငါးကြိမ်၊ public area မှာ အကြိမ် ၂၀ ၊  ဘာသာရေး အဆောက်အဦတွေကို နှစ်ကြိမ်၊ စာသင်ကျောင်း သုံးကြိမ်၊ ယာဉ်ထိန်းရဲရုံးက ၁၂ ကြိမ် စသဖြင့်  နေရာ တော်တော်များများမှာ   ၁၇၃  ကြိမ်ခန့်  ဖောက်ခွဲ ဖျက်ဆီးခဲ့တာကို   သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အကြမ်းဖက်လက်ချက်နဲ့  လုံခြုံရေး ဝန်ထမ်း ကိုးဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၁၂ ဦး သေဆုံးခဲ့ရတဲ့ အကြောင်းကိုလည်း ၎င်းထွက်ဆိုချက် တွေအရ ကိုယ်တိုင် Live လွှင့်ပြီးလည်း ထွက်ဆို ချက် ပေးခဲ့ပါသေးတယ်။

 


ထို့အတူပါပဲ      ပြစ်ဒဏ်သင့်ခံရတဲ့    ၈၈ ကျောင်းသားဟောင်း    ငြိမ်းချမ်းရေးနဲ့   ပွင့်လင်း  လူ့အဖွဲ့အစည်းက       အကြမ်းဖက်ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့   ကျော်မင်းယု (ခ) ဂျင်မီ  ဆိုရင် လည်း အကြမ်းဖက်ရာမှာအသုံးပြုမယ့်  လက်နက် ခဲယမ်းတွေ၊ အကြမ်းဖက်သမားတွေကို နေရာဝှက် သိုဝှက်သိမ်းဆည်းပေးပြီး အကြမ်းဖက်သမားတွေနဲ့ zoom meeting တွေလုပ်၊ ဖောက်ခွဲဖျက်ဆီးမယ့် နေရာတွေ   သတ်မှတ်ပေးပြီး   ဖောက်ခွဲဖျက်ဆီးဖို့ အကြံပေး၊   အကြမ်းဖက်သမားတွေဆီ    လက်နက် ခဲယမ်းတွေ ဝယ်ယူဖို့ ငွေကြေးထောက်ပံ့၊   UMCD ဆိုတဲ့ အဖွဲ့နဲ့ပေါင်းပြီး USD သိန်း ၁၀၀၀ လောက် တန်တဲ့  လက်နက်ပြုလုပ်နိုင်တဲ့ 3D Printer ဝယ်ဖို့ အကြမ်းဖက်အဖွဲ့ NUG နဲ့ဆက်သွယ်ပြီး ငွေတောင်း ခံ၊ USD ကိုဝယ် မြန်မာငွေနဲ့ အကြိမ်ကြိမ်လဲလှယ်ပြီး အကြမ်းဖက်အဖွဲ့တွေကို     ငွေထောက်ပံ့စသဖြင့် အကြမ်းဖက်မှုမြောက်တဲ့   အကြမ်းဖက်ပြစ်မှုတွေ များစွာကျူးလွန်ခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ 

 


ပြည်သူတွေရာနဲ့ချီ သေဆုံးဒဏ်ရာရနိုင်တဲ့ 
မြောက်မြားလွန်းတဲ့   လက်နက်ခဲယမ်း   လူသတ် ပစ္စည်းများ 


ဖမ်းဆီးရမိတဲ့ လက်နက်တွေကိုလည်းကြည့်လိုက်ပါဦး။  လွှတ်တော်ကိုယ်စားလှယ်ဟောင်းကြီး မောင်ကျော် (ခ) ဖြိုးဇေယျာသော်ဆီက သိမ်းဆည်း လိုက်တဲ့ အရေအတွက်ဆိုရင် လက်နက်မျိုးစုံ ၂၁၇ လက်၊ ကျည်အိမ်မျိုးစုံ ၂၀၆ ခု၊ ကျည်မျိုးစုံ အတောင့် ၁၃၇၆၀၊ ဗုံးသီးမျိုးစုံ ၃၂ လုံး၊ ရှေ့ထွက်မိုင်း ခြောက်လုံး စသဖြင့်...များပြားပြီးပြင်းထန်တဲ့ လက်နက်ခဲယမ်း တွေကို   တွေ့ရပါလိမ့်မယ်၊၊  ရှေ့ထွက်မိုင်းတစ်လုံး ထိလိုက်ရင်  လူရာနဲ့ချီပြီး  သေကျေဒဏ်ရာရနိုင်ပါ တယ်။   ဒီလောက်များပြားတဲ့   အရေအတွက်ဟာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က  သိုဝှက်ထားတဲ့ နေရာနှစ်နေရာမှာခွဲပြီး ဖမ်းမိတဲ့အရေအတွက်များ သာ ဖြစ်ပါတယ်။ 

 


ဖမ်းဆီးမိပြီးမှ  တရားခံက  ဖော်ထုတ်လိုက်လို့ မိတဲ့ လက်နက်ခဲယမ်းတွေလည်း အမြောက်အမြား ရှိပါသေးတယ်။   ပစ္စတိုနှစ်လက်နဲ့    ၎င်းကျည်  ၄၈ တောင့်၊ M16 ရှစ်လက်နဲ့ ၎င်းကျည် ၇၄ တောင့်၊ AK-47 ရှစ်လက်၊ MK 12 ၁၅ လက်၊ M4A1 ကာဘိုင် သုံးလက်၊ FcG9 သုံးလက်၊ စနိုက်ပါ နှစ်လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊ လက်လုပ်စိန်ပြောင်း ခြောက်လက်၊ ၄၀ မမ ဗုံးသီး ၄၃ လုံး၊ မိုင်းမျိုးစုံ ၁၆ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၄၈ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၀၉၉ လုံး၊ မီးခိုးဗုံး ၆၁ လုံး စသည်ဖြင့်... ယမ်းစိမ်း ယမ်းပြင်း ယမ်းပျော့ မျိုးစုံ၊ လက်လုပ်ယမ်း၊ ယမ်း ကြိုး၊ ဒီတိုနေတာ၊ TNT ယမ်း၊ C4 ယမ်းနဲ့ Tran-sistor ဘူးတွေ၊ စကားပြောစက်နဲ့ ကီးပက်ဖုန်းတွေ၊ ဆက်သွယ်ရေး အထိုင်စက်၊ မှန်ပြောင်း၊ ဂြိုဟ်တုဖုန်း၊ laptop၊ harddisk၊ နိုင်ငံကူးလက်မှတ်စာအုပ်နဲ့   စိတ်ကြွရူးသွပ်ဆေးတွေ၊     ဖောက်ခွဲဖျက်ဆီးမှု လုပ်မယ့်နေရာစာရင်း၊    လုပ်ကြံသတ်ဖြတ်ရမယ့် လူစာရင်းတွေ... စသဖြင့်... စသဖြင့် အသေအချာ အကွက်ချစီစဉ် စီမံရေးဆွဲပြီးမှ အကြမ်းဖက်လုပ်ငန်း တွေ     လုပ်ဆောင်ခဲ့ကြတယ်ဆိုတာ   ထင်ရှားလှ ပါတယ်။

 


၎င်းကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းထားတဲ့ အမည် နာမအမျိုးမျိုးနဲ့ နေရာဒေသ အခြေခံအကြမ်းဖက် အဖွဲ့အစည်းမျိုးစုံကိုလည်း ကြည့်ပါဦး... STF, SOF, HRD, YG Netward, UMCD, RF, UG, 44ST UG, YFA၊ တာမွေပကဖ၊ တောင်ဥက္ကလာ ပကဖ၊ သာကေတ ပကဖ၊ ဒဂုံမြောက်/ဒဂုံတောင် ပကဖ၊ လှိုင်သာယာ ပကဖ၊ လှိုင် ပကဖ၊ ကော့မှူး ပကဖ၊ ဒေါပုံ ပကဖ၊ မင်္ဂလာဒုံ ပကဖ စသဖြင့် အရောင်အသွေးစုံလင်လှတဲ့ များလွန်းလှတဲ့    အကြမ်းဖက်အဖွဲ့တွေ....   ဒီလို အကြမ်းဖက်သူတွေကိုမှ ပြင်းပြင်းထန်ထန် အပြစ် ပေး အရေးမယူရင် ဘယ်လိုလူကို အပြစ်ပေးအရေး ယူသင့်ပါသလဲ။ ဆန်းစစ်ကြည့်လို့ ရပါတယ်။

 


နောက်တစ်ဦးဖြစ်တဲ့ ၈၈ ငြိမ်း/ပွင့် ဂျင်မီဆီက ဖမ်းဆီးမိတဲ့   လက်နက်တွေကတော့ AK- 47  ခြောက်လက်၊ M-16 ရှစ်လက်၊ ၁၂ ဗို့ နှစ်လက်၊ တူမီး တစ်လက်နဲ့ ကျည်အိမ်မျိုးစုံ ၁၈ ခုတို့ဖြစ်ပြီး ဒီ လက်နက်တွေကို   ဒဂုံမြို့သစ်မြောက်ပိုင်း၊   ပင်လုံ အိမ်ရာ၊  မြနှင်းဆီလမ်းနေအိမ်ကနေ သိမ်းဆည်းရ မိခဲ့ခြင်း ဖြစ်ပါတယ်။ အပြစ်မဲ့အရပ်သား သေဆုံးရမှု ကတော့ တပ်မတော်/  ရဲတပ်ဖွဲ့မပါ အနည်းဆုံး ၅၀ ကျော်လောက်အထိ ထိုကာလအတွင်းမှာ သေဆုံး ခဲ့ကြကြောင်း သိရှိခဲ့ရပါတယ်။          

 


ဒီမိုကရေစီလိုလားသူသည် ဘယ်တော့မှ 
အကြမ်း‌ဖက်သမားမဖြစ် 


အားလုံးကို   အထောက်အထား   ခိုင်ခိုင်လုံလုံ သက်သေအထောက်အထား   ပြည့်ပြည့်စုံစုံနဲ့ ချပြ ပြီးလည်းဖြစ်ပါတယ်။  ဒါကိုပဲ ငြင်းပယ်နေတဲ့သူ၊ ပြစ်ဒဏ်ပေးခံရသူတွေကို ဒီမိုကရေစီလိုလားသူတွေ လို့ ပုံဖော်ပြီး စိတ်မကောင်း၊  ဝမ်းနည်းကြောင်းပြော ပြီး စွပ်စွဲပုတ်ခတ်တဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်း၊ မီဒီယာ တွေဟာ    အကြမ်းဖက်အားပေးတဲ့သူတွေအဖြစ် တံဆိပ်ကပ်ခံရပါလိမ့်မယ်။ ဒီမိုကရေစီနဲ့  လူ့အခွင့် အရေးထွန်းကားတယ်ဆိုတဲ့ နိုင်ငံတွေမှာရော၊ ယခု လိုသာ နိုင်ငံရဲ့   အုပ်ချုပ်ရေးယန္တရားပျက်အောင်၊ ပြည်သူတွေ     ငြိမ်းငြိမ်းချမ်းချမ်းမနေရအောင် သတ်ဖြတ်      ဖောက်ခွဲဖျက်ဆီးနေသူတွေဆိုရင် ဘယ်လို  သဘောထားပါ့မလဲ....     သုံးသပ်စေလိုပါ တယ်။

 


အမေရိကန်နိုင်ငံတစ်နိုင်ငံတည်းကိုပဲ လေ့လာ ကြည့်ရအောင်ပါ။ ယခုနှစ် ဇူလိုင်လ မှတ်တမ်းတစ်ခု အရ ၂၀၂၂ ကနေ ၂၀၂၆ ခုနှစ်အထိ ပြည်နယ် လေးခု မှာ သေဒဏ်ပေးဖို့ စီရင်ချက်ချပြီး ၆၃ ဦးထိ ရှိထား တယ်လို့သိရပါတယ်။ ၂၀၂၂ ခုနှစ်ထဲ ဇန်နဝါရီကနေ ဇွန်လအထိ ခြောက်ဦးကို ကွပ်မျက်ခဲ့ပြီးလည်း ဖြစ်ပါ တယ်။ အနီးစပ်ဆုံး  ၂၀၂၁ ခုနှစ်ထဲမှာလည်း  ၁၁ ဦး ကို သေဒဏ်အပြစ်ပေးစီရင်ခဲ့ပါတယ်။ ဒီလိုနိုင်ငံကြီး ဆိုသူက   သူများနိုင်ငံရဲ့   တရားစီရင်ရေးစနစ်မှာ ဘာလို့များ ဝင်ရောက်စွက်ဖက်နေရပါလိမ့်။ စဉ်းစား ရင်းနဲ့   ထိုနည်းတူ   အင်္ဂလိပ်တွေ  မြန်မာနိုင်ငံကို သိမ်းပိုက်အုပ်ချုပ်စဉ်ကာလမှာကော၊ မှတ်သားမိ သမျှ ၁၉၃၀ ပြည့်နှစ်  တောင်သူလယ်သမားအရေး တော်ပုံကစလို့ ၁၉၃၁-၃၂ ခုနှစ်အထိ သေဒဏ်ပေးခံ ရတဲ့ မြန်မာတွေ ၃၃၂ ဦးအထိ  ရှိခဲ့ကြောင်းလည်း မှတ်သားမိပါတယ်။ 

 


စီရင်ထိုက်သည်ကို စီရင်ခြင်းသာဖြစ် 


ပြစ်ဒဏ်စီရင်ချက်ချင်းအတူတူ    ဘာကြောင့် NLD ပါတီဝင်နဲ့ ၈၈ အဟောင်း နှစ်ယောက်ကို အခြား သူနှစ်ဦးထက် ပိုပြီးစာနာနေကြရပါသလဲ။   ဒီနှစ် ယောက်ထဲမှာရော တော်လှန်ရေးအတွက် ပေးဆပ် တာချင်းအတူတူ ဘာကြောင့် NLD ဝင်ဟောင်းကို ပို၍   ဦးစားပေးနေကြရပါသလဲ။  ပိုပြီးသတိထား လေ့လာရင် ဆက်စပ်မှုသဘောတရားတွေကို ပို၍ မြင်နိုင်လာပါလိမ့်မယ်။ သတိထားမိတာ တစ်ခုရှိ ပါတယ်။ ယခု ပြစ်ဒဏ်ချမှတ် အပြစ်ပေးစီရင်တဲ့ ပုံစံက စီရင်ထိုက်သူကို စီရင်ခဲ့ခြင်းသာဖြစ်ပါတယ်။ လူသတ်အကြမ်းဖက်မှုများနဲ့   တိုက်ရိုက်ဆက်စပ် ပတ်သက်နေသူတွေကိုသာ   စီရင်နေတာဖြစ်ပါတယ်။ ဖမ်းဆီးထားသူတိုင်းကိုလည်း     ဒီလိုပုံစံမျိုးသွား နေတာမဟုတ်ပါဘူး။    သူ့အပြစ်နဲ့သူသာလျှင်    ဖြစ် ပါတယ်။

 


အပြင်းထန်ဆုံး၊  အထိရောက်ဆုံး   ပြစ်ဒဏ်စီရင် ချက်ချခြင်းဆိုတဲ့ သတင်းစကားတွေဟာ တကယ် တော့ စိတ်မကောင်းစရာ၊ ပျော်စရာမဟုတ်မှန်းလည်း သိပါတယ်။ သို့ပေမယ့် ဒီလိုစီရင်ချက်ဟာ လိုအပ်လို့ လုပ်တာပဲ   ဖြစ်ကောင်းဖြစ်မှာပါ။

 

 မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ တိုင်းပြည်တစ်ခုပါ။ မြန်မာလူမျိုးတွေဟာ နောင်သံသရာအရေးကို     ထည့်သွင်းစဉ်းစားပြီးမှ လုပ်လေ့လုပ်ထရှိကြပါတယ်။ လိုအပ်လို့ စိတ်မချမ်း သာစွာနဲ့   အများအေးချမ်းသာယာရေးအတွက်၊ အပြစ်မရှိဘဲ လုပ်ကြံသတ်ဖြတ်ခံရသူတွေနဲ့ ဆွေမျိုး သားချင်းတွေအတွက်  မလွှဲမရှောင်သာဘဲ  ဦးစား ပေးပြီး  လုပ်လိုက်ရတာပဲဖြစ်မှာပါ။

 

 အသတ်ဖြတ် ခံရသူတွေရဲ့ စိတ်ဒုက္ခ‌သောကတွေအတွက် တရားမျှတမှုတစ်ခုပေးလိုက်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။ ယခုလိုဖမ်းဆီးမိပြီး    လက်နက်အမြောက်အမြား သိမ်းဆည်းမိလိုက်တာကပဲ   ရန်ကုန်သူ၊ ရန်ကုန် သားတွေအတွက်   အများကြီးကံကောင်းသွားတယ် လို့ပဲ မှတ်ယူရပါတယ်။ မိများမမိရင် နောက်ဆက်တွဲ အဆုံးအရှုံးတွေများစွာ       ရှိလာနိုင်တယ်ဆိုတာ တွေးရုံနဲ့ပင် သိနိုင်ပါလိမ့်မယ်။

 


သက်ရောက်မှုတိုင်းမှာ  တန်ပြန်သက်ရောက်မှုရှိ စမြဲ ဆိုသလို ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ်ထံပြန် လာခြင်းသာဖြစ်ပါတယ်။   အကြောင်းရှိလို့လည်း အကျိုးဆက်က ဖြစ်လာတာပါ။ ဝဋ်ဆိုတာ လည် တတ်တယ်ဆိုတာ ပြလိုက်သလိုပါပဲ။ အကြမ်းဖက်မှု ကို အကြမ်းဖက်ဥပဒေကသာ စီရင်လိုက်ခြင်းဖြစ် ပါတယ်။ သူတို့ကို ပြစ်ဒဏ်စီရင်တာကမှ စစ်ခုံရုံးဆို တာရှိသေးပြီး           အယူခံဝင်လို့ရပါသေးတယ်။ အကြမ်းဖက်ဘယ်သူဘယ်ဝါ   လက်ချက်မှန်းမသိ ဘယ်တရားရုံးကိုမှ  မတက်လိုက်ရဘဲ  ရုတ်တရက် အသတ်ခံရလို့ သေဆုံးသွားရသူတွေ ထောင်နဲ့ချီပြီး ရှိနေပါပြီ။ သူတို့မှာလည်း  အသက်တွေနဲ့ ဘဝတွေ မိသားစု တွေရှိပါတယ်။  တကယ်တော့ ကျွန်တော်တို့ လူ့ဘောင်မှာ   ကိုယ်ချင်းစာ   သနားငဲ့ညှာတတ်ဖို့ တွေ အများကြီးလိုအပ်နေဆဲဖြစ်ကြောင်း သက်သေ ပြလိုက်သလိုပါပဲ။

 


ဘာပဲဖြစ်ဖြစ်လေ... ဒလန်လို့ စွပ်စွဲခံရပြီး အပြစ် မရှိဘဲ အနိုင်အထက်ပြုကျင့်ခံရ၊ သတ်ဖြတ်ခံခဲ့ရသူ တွေရဲ့ ကျန်ရစ်သူမိဘဆွေမျိုး ညီအစ်ကိုအပေါင်းတို့ ကတော့ ပေးဆပ်ခဲ့ရသူတွေအတွက် တစ်စုံတစ်ရာ သော တရားမျှတမှုတစ်ခုကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပြီ လို့ ဆိုသူက ဆိုရမှာပါ။ ဒီလိုတရားမျှတမှုကို လိုလား သူတွေလည်း   အမြောက်အမြား   ရှိနေဆဲပါ။ သက်ရောက်မှုတိုင်းမှာ    တန်ပြန်သက်ရောက်မှုက တော့ ရှိစမြဲပဲဖြစ်ပြီး နောက်ဆုံးတော့ တရားသဘော အတိုင်းသာ သံဝေဂယူနိုင်ကြဖို့ပဲ ရှိပါတော့တယ် ဗျာ...