
ရန်ကုန် ဒီဇင်ဘာ ၁၅
မြန်မာနိုင်ငံ စာရေးဆရာအသင်းက ၁၃၈၄ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် (၃၅)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော် ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အလှူငွေကျပ် သိန်း ၁ဝဝ၊ ပြန်ကြားရေး ဝန်ကြီးဌာနက ငွေကျပ်သိန်း ၂ဝ၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ က သက်ကြီးစာပေပညာရှင် ၂၄၇ ဦး အတွက် တစ်ဦးလျှင် ငွေကျပ် တစ်သောင်း နှုန်းဖြင့် ငွေကျပ် ၂၄၇ဝဝဝဝ၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းက ငွေကျပ် ၁၀ သိန်း၊ သတင်း ထောက်ကြီး လွတ်လပ်ရေး မော်ကွန်းဝင် (တ) ဆရာကြီး ဦးထူးအားရည်စူး၍ ရဲဦးစီးအရာရှိချုပ်(ငြိမ်း) ဦးတင်ဝင်း-ဒေါ်နီနီမိသားစုနှင့် ဦးအောင်စေသော်-ဒေါ်ဇာခြည်ဝင့်၊ သား-မောင်သာယာ စေသော်မိသားစုတို့က အလှူငွေကျပ် ငါးသိန်းစီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံးနှင့် စာရေးဆရာ အကြီးကိုကို (ကသာ)မိသားစုတို့က ငွေကျပ် သုံးသိန်းစီ၊ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)-ဒေါ်ခင်အေးမူ မိသားစုနှင့် ဒေါက်တာ နေဝင်း စိတ်ကျန်းမာရေးဖောင်ဒေးရှင်းတို့က ငွေကျပ် နှစ်သိန်းစီ၊ စာရေးဆရာ ထင်လင်းကျော်၊ စာရေးဆရာမ မီမီကို (အလှရပ်ဝန်း) နှင့် ဒေါ်မေစန္ဒာ (မေဧပရယ်မိုး)တို့က ငွေကျပ် တစ်သိန်း စီ၊ ဦးဝင်းကြည် (ဖေသောရီ)မိသားစု၊ တေးသံရှင် နှင်းနှင်းထူးနှင့် ဟင်္သာတ မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ် ငါးသောင်းစီ၊ ဒေါ်တင်တင်လတ် (မလတ်-ကျောက်မဲ) က ငွေကျပ် သုံးသောင်း၊ ဦးစံရှိန် (ဆရာကြီးရှိန်) မိသားစုက ငွေကျပ် တစ်သောင်း၊ သံအမတ်ကြီး ဦးမောင်မောင်စိုးတင့် (ငြိမ်း) မြန်မာနိုင်ငံ နယ်စပ်ဒေသဖွံ့ဖြိုး ရေးအသင်းက ငွေကျပ် ၁၂၃ဝဝဝဝ တန်ဖိုးရှိ စာအုပ်များ၊ အဂ္ဂမဟာ မင်္ဂလ ဓမ္မဇောတိကဓဇ ဦးစိုးဝင်း(တက္ကသိုလ် စိုးယဉ်)-စာရေးဆရာမ (မလေးယဉ်)မိသားစုက ငွေကျပ် ၈၆၄၅၀ဝ တန်ဖိုးရှိ စာအုပ်များနှင့် ဆရာမကြီး ဒေါ်ကြည် ကြည်စိန် (သဘာဝနက္ခတ်ပညာ သင်တန်းကျောင်း)က ငွေကျပ် ၃၀၀၀၀ဝ တန်ဖိုးရှိ ပြက္ခဒိန်များ ပေးအပ်လှူဒါန်း ကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ - ကြို့ပင် ကောက်) နှင့် တာဝန်ရှိသူများက လက်ခံ ရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
၁၃၈၄ ခုနှစ် မြန်မာနိုင်ငံ စာဆိုတော် နေ့ အထိမ်းအမှတ် သက်ကြီးစာပေပညာ ရှင်များ ပူဇော်ကန်တော့ပွဲ အခမ်းအနား ကို ဒီဇင်ဘာ ၁၇ ရက် (စနေနေ့) နံနက် ၉ နာရီတွင် ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်