သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများလှူဒါန်း

 

ရန်ကုန်    နိုဝင်ဘာ   ၃၀


၁၃၈၄  ခုနှစ်  မြန်မာနိုင်ငံစာဆို တော်နေ့  အထိမ်းအမှတ်အဖြစ် (၃၅) ကြိမ်မြောက် သက်ကြီးစာပေ ပညာရှင်များ    ပူဇော်ကန်တော့ပွဲ အတွက် မြန်မာနိုင်ငံစာရေးဆရာ အသင်းသို့    စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်း ကြရာ     ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က      အလှူငွေကျပ် သိန်း    ၁၅၀၊    ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်    ဖွံ့ဖြိုးရေးပါတီ (နေပြည်တော်)   က   ငွေကျပ် ၁၀ သိန်း၊ သီပေါမြို့နယ် စာရေး ဆရာအသင်းက ငွေကျပ် ၁၅ဝ၀ဝဝ၊ နေပြည်တော်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးထွန်းထွန်း ဝင်း      (ကိုထွန်း- ကျယ်ဂေါင်)၊ ဦးလှကြည် - ဒေါ်မြင့်မြင့် - နွယ် မာဉာဏ် မိသားစု နေပြည်တော်၊  သာကေတမြို့နယ် စာရေးဆရာ အသင်း၊ ကြို့ပင်ကောက်မြို့နယ် စာရေးဆရာအသင်း၊ တာချီလိတ် မြို့နယ်    စာရေးဆရာအသင်း၊ ညောင်လေးပင်မြို့နယ်     စာရေး ဆရာအသင်းနှင့်     ဒလမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ် တစ်သိန်းစီ။ 

 


ဓနုဖြူမြို့နယ်    စာရေးဆရာ အသင်းက ငွေကျပ် ခုနစ်သောင်း၊  အောင်မြေသာစံမြို့နယ်  စာရေး ဆရာအသင်းက ငွေကျပ်ခြောက် သောင်း၊ ရေကြည်မြို့နယ် စာရေး ဆရာအသင်း၊   လယ်ဝေးမြို့နယ်  စာရေးဆရာအသင်း၊   ပုဗ္ဗသီရိ မြို့နယ်    စာရေးဆရာအသင်းနှင့်  ပုဏ္ဏားကျွန်းမြို့နယ် စာရေးဆရာ အသင်းတို့က ငွေကျပ်ငါးသောင်း စီ၊   မြန်မာနိုင်ငံ   သတင်းမီဒီယာ ကောင်စီ   ဒုတိယဥက္ကဋ္ဌ       (၂)  ဦးတင်မောင်ဦး (ကြို့ပင်ကောက် တင်မောင်ဦး)  နှင့်  သံဖြူဇရပ် မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်  သုံးသောင်းစီ၊  စာရေး ဆရာ  လင်းညှို့သွေးက  ငွေကျပ် တစ်သောင်း   အသီးသီးပေးအပ် လှူဒါန်းကြရာ     အသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ အတွင်းရေးမှူး    ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့် တာဝန်ရှိသူများက လက်ခံ ရယူပြီး      ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 


အလှူငွေဖြစ်စေ၊     အလှူ ပစ္စည်းဖြစ်စေ    လှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေးဆရာအသင်း အမှတ် (၁၇၃/၁၇၅) ပန်းဆိုးတန်း လမ်း (အလယ်) ကျောက်တံတား မြို့နယ်  ရန်ကုန်မြို့။  ဖုန်း-၀၁-၂၅၂၄၁၇၊ ၀၉-၄၅၀ဝ၉ဝ၄၈၆သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။                

သတင်းစဉ်