
ရန်ကုန် နိုဝင်ဘာ ၂၃
မြန်မာနိုင်ငံစာရေးဆရာအသင်းက ကြီးမှူးကျင်းပ မည့် ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်း အမှတ် (၃၆) ကြိမ်မြောက် သက်ကြီးစာပေပညာရှင် များ ပူဇော်ကန်တော့ပွဲအတွက် ပန်းဘဲတန်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးမြင့်အောင် (ဝါးခယ်မ) နှင့် ပန်းဘဲတန်းမြို့နယ် စာရေးဆရာ အသင်းတို့က ငွေကျပ်တစ်သိန်းစီကို မြို့နယ်အသင်း ဥက္ကဋ္ဌ (ကိုယ်စား) ဘဏ္ဍာရေးမှူး ဦးတင်ဝင်း (အား/ကာ)က ပေးအပ်လှူဒါန်းရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ- ကြို့ပင်ကောက်) နှင့် တွဲဖက်အတွင်းရေးမှူး(၁) ဦးအောင်သန်းဦး (ပုသိမ် အောင်သန်းဦး)တို့က လက်ခံရယူပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်