
နေပြည်တော် ဇန်နဝါရီ ၂၉
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း ယနေ့မှ စ၍ ကျင်းပလျက်ရှိရာ ဝန်ကြီးဌာန အလိုက် ပြခန်းပေါင်း ၄၀ ကျော် ပြသထား သည့်အနက် လေကြောင်းပညာရပ်ဆိုင်ရာ ပြခန်း၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပြခန်း များ၊ စာအုပ်အရောင်းပြခန်းများနှင့် လေကြောင်းပညာဆိုင်ရာ ပြခန်းများကို ကျောင်းသား ကျောင်းသူ လူငယ်များက ပိုမိုစိတ်ဝင်တစား လေ့လာကြသည်ကို တွေ့ရှိရသည်။
အဆိုပါ အသိပညာပေးပြခန်းများသို့ နေပြည်တော်ရှိ အခြေခံပညာကျောင်းများ မှ ကျောင်းသား ကျောင်းသူများ၊ ဝန်ကြီး ဌာနများမှ ဝန်ထမ်းများ လာရောက် လေ့လာကြသည်ကို မြင်တွေ့ရပြီး ထိုသို့ လေ့လာခွင့်ရရှိသည့် ကျောင်းသား ကျောင်းသူ လူငယ်များနှင့် တွေ့ဆုံ မေးမြန်းမှုများကို ဖော်ပြအပ်ပါသည် -
မောင်အောင်ပိုင်ကျော်(ကျောင်းသား)
Grade-9(B)၊ အထက(၆)၊ နေပြည်တော်
“ကျွန်တော်တို့ ဒီနေ့ လူငယ်နဲ့စာပေ ပွဲတော်မှာ လေ့လာရတဲ့ ပြခန်းတွေထဲမှာ လျှပ်စစ်နဲ့သက်ဆိုင်တဲ့ ပြခန်းတွေ၊ ရေကြောင်းပညာနဲ့ပတ်သက်တဲ့ သင်္ဘော မောင်းတာ၊ လေကြောင်းပညာတွေနဲ့ ပတ်သက်တဲ့ ပြခန်းတွေကို စိတ်ဝင်စား ပါတယ်။ လျှပ်စစ်နဲ့သက်ဆိုင်တဲ့ ပညာ ရပ်တွေကို ပိုပြီးလေ့လာဖြစ်ပါတယ်။ တကယ်လို့ အပြင်မှာ လက်တွေ့လုပ်ကြည့် လို့ရမယ်ဆိုရင် ကျွန်တော် လေယာဉ်တို့ ကားတို့ တည်ဆောက်ကြည့်တာမျိုး လုပ်ချင်ပါတယ်။ ဒီလိုမျိုး ပညာရပ်နဲ့ ဆိုင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်လို့ ရမယ် ဆိုရင် အစွမ်းကုန် ပါဝင်ချင်ပါတယ်။ အခုဆိုရင် ရေကြောင်း၊ သိပ္ပံပညာနဲ့ စက်ပစ္စည်းတွေ၊ သဘာဝကိုအခြေခံတဲ့ ရှားပါးလိပ်ပြာပြခန်းတွေ ပါဝင်တာကို တွေ့ရတယ်။ လေယာဉ်နဲ့ ပတ်သက်တဲ့ ပြခန်းမှာဆိုရင် လေယာဉ်တစ်စီးရဲ့ ပုံသဏ္ဌာန်ကိုကြည့်ပြီးတော့ အမျိုးအစား ခွဲခြားသိရှိနိုင်တဲ့ ဗဟုသုတတွေအပြင် လေသူရဲတွေ၊ အာကာသယာဉ်မှူးတွေနဲ့ ပတ်သက်ပြီး တခြားဗဟုသုတတွေလည်း ရခဲ့ပါတယ်။ ဒီလိုပွဲတွေကနေ သိချင်တာ တွေ သိခွင့်ရလာတဲ့အတွက် နောက်ထပ် ဒီလိုမျိုး ပြပွဲတွေလုပ်တဲ့အခါကျရင် သစ်ပင်ပန်းမန်တွေ၊ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ပြခန်းတွေကိုလည်း ပါဝင် စေချင်တယ်။ နောက်တစ်ခုက သိပ္ပံပညာ နဲ့ပတ်သက်ပြီး ဆန်းသစ်တဲ့နည်းပညာ တွေနဲ့ဆက်စပ်တဲ့ အသိပညာပေး ပြပွဲမျိုးတွေ ထပ်ပြီးလုပ်စေချင်ပါတယ်။ ဒီလူငယ်နဲ့ စာပေပွဲတော်ကို မလာရသေး တဲ့ သူငယ်ချင်းတွေကိုလည်း လာဖြစ် အောင် လာပြီးတော့ လေ့လာကြစေချင် ပါတယ်။
မောင်ဝေယံဖြိုး (ကျောင်းသား)
Grade-9(B)၊ အထက(၆)၊ နေပြည်တော်
ဒီနေ့ပြပွဲမှာ ကျွန်တော်တို့ သူငယ် ချင်းတွေနဲ့အတူ လျှပ်စစ်သံလိုက်နဲ့ ပတ်သက်တာတွေ၊ သင်္ဘောမောင်းတဲ့ နည်းပညာတွေနဲ့ ပတ်သက်ပြီးတော့ လေ့လာဖြစ်တယ်။ ကိုယ်တိုင်လည်းဝင်ပြီး တော့ လက်တွေ့မောင်းကြည့်လို့ရတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ ပြခန်းတွေ တော်တော်များများကိုတော့ လေ့လာဖြစ် ပါတယ်။ ဒီထဲမှာ စိတ်အဝင်စားဆုံး ကတော့ လျှပ်စစ်နဲ့ဆိုင်တဲ့အပိုင်းကို လေ့လာဖြစ်တယ်။ ကျွန်တော်ကတော့ သိပ္ပံပညာရှင် ဖြစ်ချင်တယ်။ ဒီလိုမျိုး လာပြီးလေ့လာခွင့်ရတာ ပထမဆုံးပါ။ နောက်ထပ် သူငယ်ချင်းတွေ လာပြီး လေ့လာကြဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်။ ပြခန်းတွေထဲမှာတော့ တကယ်လက်တွေ့ လုပ်လို့ရတဲ့ ပြခန်းတွေက ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။
မရွှန်းလဲ့ရည်မွန်(ကျောင်းသူ)
အထက(၁၁)၊ Grade-6(A)
သမီးကတော့ ဒီလူငယ်နဲ့စာပေပွဲတော်မှာပါဝင်တဲ့ စကားပုံဆက်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ပြိုင်ပွဲမှာ ဆုရအောင် ကြိုးစားပြီးယှဉ်ပြိုင်မှာပါ။ စာပေပွဲတော် မှာ တခြားသူငယ်ချင်းတွေနဲ့ အတူတူ ပါဝင်ခွင့် ရလို့ ပျော်စရာကောင်းပါတယ်။ ဒီကပြခန်းတွေမှာလည်း လျှပ်စစ်နဲ့ ပတ်သက်တာ၊ စက်ရုပ်တွေ၊ လေယာဉ် တွေနဲ့ပတ်သက်တာတွေအပြင် တခြား မမြင်ဖူးသေးတဲ့ အသစ်အဆန်းတွေကို လည်း လက်တွေ့လေ့လာခွင့်ရတဲ့အတွက် ဒီလိုပြပွဲတွေ ထပ်ပြီးတော့ လုပ်ပေးစေချင် ပါတယ်။
မောင်မင်းမြတ်စံ
အထက(၁၁)၊ Grade-6(A)
ကျွန်တော်ကတော့ ပြခန်းတွေထဲမှာ စိတ်အဝင်စားဆုံးက လေယာဉ်နဲ့ပတ်သက် တာတွေ၊ သိပ္ပံနဲ့နည်းပညာ၊ ကျန်းမာရေးနဲ့ ပတ်သက်တာတွေ စိတ်ဝင်စားတယ်။ ကျွန်တော်က ဆရာဝန်တစ်ယောက် ဖြစ်ချင်တယ်။ ခွဲစိတ်ပါရဂူတစ်ယောက် ဖြစ်အောင် ကြိုးစားမှာပါ။ ဒီပြခန်းတွေထဲ မှာတော့ လေယာဉ်တည်ဆောက်တာတွေ ကိုလည်း စိတ်ဝင်စားတယ်။ နောက်ထပ် ပြခန်းတွေထဲက ဟိုးရှေးခေတ်က ကျောက်စာတွေ၊ စာအုပ်စာပေတွေကို ရတဲ့အတွက်တော့ ဗဟုသုတတွေရပါ တယ်။ ဒီလူငယ်နဲ့ စာပေပွဲတော်မှာ ဒီအသက်အရွယ်နဲ့ မကြုံရသေးတဲ့ အသစ် အဆန်းတွေကို လေ့လာခွင့်ရတဲ့အတွက် ပိုပြီးတော့ ကောင်းတယ်။ နောက်ထပ် ဒီလို ပြပွဲတွေလည်း ထပ်လုပ်စေချင်တယ်။ အထူးသဖြင့် ကလေးတွေ ပိုပြီးစိတ်ဝင် စားတဲ့ပြပွဲတွေနဲ့ ပညာရေးနဲ့ပတ်သက်တဲ့ ပြပွဲတွေလည်း ထပ်လုပ်စေချင်တယ်။ ကိုယ်တိုင်လည်း ပါဝင်ချင်ပါတယ်။
နှင်းရတီရဲမင်း(ကျောင်းသူ)
အထက်(၂၂) နေပြည်တော်
အဓိကကတော့ သိပ္ပံနဲ့ပတ်သက်တဲ့ ပြခန်းတွေကို ကြည့်ခဲ့ပါတယ်။ အခုလို လာရောက်ကြည့်ရှုလေ့လာရင်းနဲ့ ဂိမ်း ဝင်ကစားခဲ့တာမှာ ဆုတွေလည်း ရရှိခဲ့ပါ တယ်။ ဒီနေ့လေ့လာဖြစ်ခဲ့တဲ့ ပြခန်းတွေ ထဲမှာ လေကြောင်းနဲ့ပတ်သက်တဲ့ပြခန်း ကတော့ စိတ်ဝင်စားဖို့အကောင်းဆုံး ပြခန်းပဲ။ ဒီလိုလူငယ်နဲ့ စာပေပွဲတော် ပြုလုပ်ပေးတာကြောင့် ဗဟုသုတတွေ လည်း အများကြီးရပါတယ်။ တခြား လူတွေလည်း လာရောက်ကြည့်ရှုလေ့လာ သင့်တဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ ဒီလိုပွဲတော် တွေ နောက်ထပ်လည်း အများကြီး လုပ်ပေးစေချင်ပါတယ်။
ဇင်ထက်ကြည်