သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

 

ရန်ကုန်   မတ်   ၂၁
ပြည်သူ့စစ်မှုထမ်း      ဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင်   ရန်ကုန်မြို့ ရှိ  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့     သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊    နည်းပညာ၊ သက်မွေးပညာနှင့်  လေ့ကျင့်ရေး ဦးစီးဌာနရှိ ကျောင်းအုပ်ကြီးများ၊ အရာထမ်း၊   အမှုထမ်းများနှင့် မိသားစုဝင်များ    တက်ရောက်ကြ သည်။
အခမ်းအနားတွင်     ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစွမ်းအား နှင့်    ကာကွယ်ရေးစွမ်းအားများ ဟန်ချက်ညီညီ   ဖြစ်ထွန်းစေရေး အတွက်      နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်   ပြည်သူတစ်ရပ် လုံး ပါဝင်ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊   နိုင်ငံသားတိုင်းသည် ပြည်ထောင်စု      မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့်     ဒို့ တာဝန်အရေးသုံးပါးကို စောင့်ထိန်း လိုက်နာဆောင်ရွက်ရန် တာဝန်ရှိ ကြောင်း၊ နိုင်ငံ့စွမ်းအားစုအားလုံး တစ်စိတ်တစ်ဝမ်းတည်း  အားလုံး ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တစ်ခုတည်းသောနည်းလမ်းသည် အမျိုးသားစစ်မှုထမ်းစနစ်      ဖြစ် ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍     သတင်းမီဒီယာ အချို့က     ထုတ်လွှင့်နေသည့် သတင်းမှားများကို နားယောင်မိ သောကြောင့် အချို့ပြည်သူများ စိုးရိမ်ပူပန်စိတ်များ  ဖြစ်ပေါ်နေ ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ကို   လေ့လာပြီး   နိုင်ငံတော်၏ ကျေးဇူးသစ္စာကို  စောင့်သိရိုသေ လျက်      နိုင်ငံတော်ကာကွယ်ရေး အတွက်      တာဝန်ကျေပွန်စွာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်    သုတေသနနှင့် တီထွင်ဆန်းသစ်မှု   ဦးစီးဌာနမှ ညွှန်ကြားရေးမှူး    ဒေါက်တာ ကျော်မိုးအောင်က   စစ်မှုထမ်း ဥပဒေပါ   အခန်းများ၊   ပုဒ်မများ ကို       ရှင်းလင်းဆွေးနွေးကာ တက်ရောက်သူများက   သိရှိလို သည်များကို မေးမြန်းရာ ဒုတိယ ဝန်ကြီးနှင့်    တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း   ဖြေကြားကြ သည်။          
             

သတင်းစဉ်