သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် ဝင်ခွင့်လျှောက်လွှာများခေါ်ယူခြင်း ကြေညာချက်

 

အစိုးရစက်မှုလက်မှုသိပ္ပံတို့တွင်   ၂၀၂၂-၂၀၂၃    ပညာသင်နှစ် အတွက် A.G.T.I ပထမနှစ်   သင်တန်းသားများကို  ခေါ်ယူမည် ဖြစ်ပါသဖြင့်    ဝင်ခွင့်လျှောက်လွှာများကို   အစိုးရစက်မှုလက်မှု သိပ္ပံများ၌     (၅-၁၁-၂၀၂၂) ရက်တွင်      စတင်ထုတ်ယူနိုင်ပြီး လျှောက်လွှာများကို (၂၀-၁၁-၂၀၂၂) ရက်   နောက်ဆုံးထား၍ မိမိတို့တက်ရောက်လိုသည့် ကျောင်းသို့       ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။
နည်းပညာ ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန