သိပ္ပံဘာသာရပ် လက်တွေ့သင်ကြားမှုများ အမှန်တကယ် တတ်မြောက်အောင် စနစ်တကျဆောင်ရွက်

 

နေပြည်တော်  စက်တင်ဘာ  ၉


ပညာရေး        ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး     ဒေါက်တာ ညွန့်ဖေသည်        ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်  ဇမ္ဗူ သီရိမြို့နယ် အမှတ်(၁၁) အခြေခံ ပညာ   အထက်တန်းကျောင်းရှိ သိပ္ပံလက်တွေ့ခန်းအတွင်း   သိပ္ပံ ခန်းသုံးပစ္စည်းများ ထားသိုမှုများ၊ ကျောင်းသား    ကျောင်းသူများ သိပ္ပံဘာသာရပ်   လက်တွေ့သင် ကြားနိုင်ရေး ကြိုတင်ပြင်ဆင်ထား မှုများကို      လှည့်လည်ကြည့်ရှု စစ်ဆေးသည်။


ထို့နောက်     ပြည်ထောင်စု ဝန်ကြီးက    သိပ္ပံလက်တွေ့ခန်း အတွင်း   လိုအပ်သည့်   မိုက်ခရို စကုတ်၊ ကွန်ပျူတာ၊ သင်ထောက် ကူကားချပ်နှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊   ကျောင်း များ ပြန်လည်ဖွင့်လှစ်သည့်အခါ ကျောင်းသားကျောင်းသူများအား လိမ္မာရေးခြားရှိရေး၊    ပညာတတ် အောင်  သင်ကြားပေးရေး၊  သိပ္ပံ ဘာသာရပ်   လက်တွေ့သင်ကြား မှုများ အမှန်တကယ် တတ်မြောက် အောင် စနစ်တကျ  ဆောင်ရွက် ရေးတို့ကို      ဆွေးနွေးမှာကြားကာ    ကျောင်းဆောင်အတွင်း     သန့်ရှင်း သာယာရေးအတွက်   ဆောင်ရွက် ထားမှုအခြေအနေများကို    လှည့် လည်ကြည့်ရှုစစ်ဆေးသည်။


ထိုမှတစ်ဆင့်   ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်   အမှတ်(၈) အခြေခံပညာ     အထက်တန်း ကျောင်း၊    အမှတ်(၆) အခြေခံ ပညာ    အထက်တန်းကျောင်းနှင့် အမှတ်(၅) အခြေခံပညာ  အထက် တန်းကျောင်းများသို့  သွားရောက် ၍ သက်ဆိုင်ရာ  ကျောင်းအုပ်ကြီး များ၊     ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။ 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည်     ကျောင်းဆောင် အတွင်း     စာသင်ခန်း၊    သိပ္ပံ လက်တွေ့ခန်း၊   ကွန်ပျူတာခန်း၊ စာကြည့်တိုက်များကို လှည့်လည် ကြည့်ရှုစစ်ဆေး၍  သိပ္ပံလက်တွေ့ ခန်းများ၊    စာကြည့်တိုက်များ အရည်အသွေး   တိုးတက်အောင် ဆောင်ရွက်ရေး၊   ကျောင်းဆောင် အတွင်း စိမ်းလန်းစိုပြည် သန့်ရှင်း သာယာလှပအောင်     ဝိုင်းဝန်း ဆောင်ရွက်ရေး၊      အချိန်ကို အကျိုးရှိစွာ  အသုံးချ၍  ဆရာ ဆရာမများ၏    စွမ်းဆောင်ရည် အရည်အသွေး     မြင့်မားအောင် ဆောင်ရွက်ရေး၊   အားနည်းချက် များကို      ပြုပြင်ဆောင်ရွက်၍  ပညာရေးအရည်အသွေး တိုးတက် အောင်  ဝိုင်းဝန်းလက်တွဲ  ဆောင် ရွက်ရေးတို့ကို ဆွေးနွေးမှာကြား ကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်