
ဖနောင်ပင် ဇူလိုင် ၃၁
တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများတင်ဆောင်လာသည့် လေယာဉ်တစ်စင်း သည် ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော် ဖနောင်ပင်သို့ ဇူလိုင် ၃၁ ရက်တွင် ထပ်မံရောက်ရှိလာခဲ့ခြင်းကြောင့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို အရှိန်မြှင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။
ဖနောင်ပင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ရောက်ရှိလာခြင်းကို ကမ္ဘောဒီးယားကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ ယော့ခ်ဆမ်ဘက်သ်က ကြိုဆိုလက်ခံခဲ့ပြီး ယင်းကာကွယ်ဆေးများအား တရုတ်နိုင်ငံဆေးဝါးကုမ္ပဏီ Sinovac Biotech ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအဓိက အထောက်အပံ့ပေးသည့် နိုင်ငံဖြစ် ကြောင်း ယော့ခ်ဆမ်ဘက်သ်က ပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံ၌ ဇူလိုင် ၃၁ ရက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၅၈ ဦးထပ်မံတွေ့ရှိ ခြင်းကြောင့် လက်ရှိတွင် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၇၇၂၄၃ ဦးရှိလာကြောင်း နှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၂ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံး သူပေါင်း ၁၃၉၇ ဦးရှိလာကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၇၉၈ ဦး ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၆၉၉၉၆ ဦးအထိရှိလာကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်