SIM Card များ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပေးကြေညာချက်

 

ဆင်းကတ်များ မှတ်ပုံတင်ရာတွင် ဖြည့်စွက်ရ သည့်   အမည်/ နိုင်ငံသားစိစစ်ရေးကတ်အမှတ်       စသည့်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေး နှင့်   ပြည်သူ့အင်အားဝန်ကြီးဌာန၏  National Database     အချက်အလက်များနှင့်    တိုက်ဆိုင် စစ်ဆေး၍  အချက်အလက်  မှန်ကန်စွာဖြည့်စွက် ထားခြင်းမရှိသည့်  ဆင်းကတ်များကို  ပိတ်သိမ်း မည်ဖြစ်ပါသဖြင့် သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဆင်းကတ်မှတ်ပုံတင်သည့်   အမည် / နိုင်ငံသား    စိစစ်ရေးကတ်အမှတ်တို့ကို  မှန်/မမှန် စစ်ဆေးပြီး ပြင်ဆင်ရန်လိုအပ်ပါက (၃၁-၁-၂၀၂၃) ရက်နေ့   နောက်ဆုံးထား၍  ပြန်လည်ပြင်ဆင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။ မိမိတို့၏ အမည် /  နိုင်ငံသား စိစစ်ရေးကတ်အမှတ်တို့ မှန်/မမှန် စစ်ဆေးသိရှိ နိုင်ရန်   မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း  (MPT)   အတွက်   *601#  ၊  Atom   အတွက်   *979*3*3#၊ Ooredoo  အတွက်    *666# ၊    Mytel   အတွက် *966# သို့     ခေါ်ဆို၍     ကြည့်ရှုစစ်ဆေးနိုင် ပါသည်။      ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းကို    သက်ဆိုင်ရာ  အော်ပရေတာများ၏    အရောင်း ဆိုင်များ၊  Application  များနှင့်  Website  တို့တွင်   ဆောင်ရွက်နိုင်ပါကြောင်း   အသိပေး  ကြေညာအပ် ပါသည်။         
 ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန