
ဆင်းကတ်များ မှတ်ပုံတင်ရာတွင် ဖြည့်စွက်ရ သည့် အမည်/ နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ National Database အချက်အလက်များနှင့် တိုက်ဆိုင် စစ်ဆေး၍ အချက်အလက် မှန်ကန်စွာဖြည့်စွက် ထားခြင်းမရှိသည့် ဆင်းကတ်များကို ပိတ်သိမ်း မည်ဖြစ်ပါသဖြင့် သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဆင်းကတ်မှတ်ပုံတင်သည့် အမည် / နိုင်ငံသား စိစစ်ရေးကတ်အမှတ်တို့ကို မှန်/မမှန် စစ်ဆေးပြီး၊ ပြင်ဆင်ရန်လိုအပ်ပါက (၃၁-၁-၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်ပြင်ဆင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။ မိမိတို့၏ အမည် / နိုင်ငံသား စိစစ်ရေးကတ်အမှတ်တို့ မှန်/မမှန် စစ်ဆေးသိရှိ နိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အတွက် *601# ၊ Atom အတွက် *979*3*3#၊ Ooredoo အတွက် *666# ၊ Mytel အတွက် *966# သို့ ခေါ်ဆို၍ ကြည့်ရှုစစ်ဆေးနိုင် ပါသည်။ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ အော်ပရေတာများ၏ အရောင်း ဆိုင်များ၊ Application များနှင့် Website တို့တွင် ဆောင်ရွက်နိုင်ပါကြောင်း အသိပေး ကြေညာအပ် ပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန