SIM Card များ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပေးကြေညာချက်

 

ဆင်းကတ်များ မှတ်ပုံတင်ရာတွင်   ဖြည့်စွက်ရသည့်   အမည်/ နိုင်ငံသားစိစစ်ရေးကတ်အမှတ်       စသည့်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာန၏ National Database   အချက်အလက်များနှင့်    တိုက်ဆိုင်စစ်ဆေး၍  အချက် အလက်  မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသည့်      ဆင်းကတ်များကို  ပိတ်သိမ်းမည်ဖြစ်ပါသဖြင့် သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဆင်းကတ် မှတ်ပုံတင်သည့်   အမည် / နိုင်ငံသား    စိစစ်ရေးကတ်အမှတ်တို့ကို  မှန်/မမှန် စစ်ဆေးပြီး၊ ပြင်ဆင်ရန်လိုအပ်ပါက (၃၁-၁-၂၀၂၃) ရက် နေ့   နောက်ဆုံးထား၍     ပြန်လည်ပြင်ဆင်ပါရန်   အသိပေးနှိုးဆော် အပ်ပါသည်။  မိမိတို့၏  အမည် /  နိုင်ငံသားစိစစ်ရေး    ကတ်အမှတ် တို့     မှန်မမှန်  စစ်ဆေးသိရှိနိုင်ရန်  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)   အတွက်    *601#  ၊  Atom   အတွက်   *979*3*3# ၊ Ooredoo  အတွက် *666# ၊ Mytel အတွက် *966# သို့ခေါ်ဆို၍ ကြည့်ရှုစစ်ဆေးနိုင်ပါသည်။  ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းကို   သက်ဆိုင်ရာ အော်ပရေတာများ၏ အရောင်းဆိုင်များ၊    Application   များနှင့်  Website  တို့တွင်   ဆောင်ရွက်နိုင်ပါကြောင်း    အသိပေး ကြေညာအပ်ပါသည်။


ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန