SIM Card များ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပေးကြေညာချက်

 

ဆင်းကတ်များ မှတ်ပုံတင်ရာတွင်  ဖြည့်စွက်ရသည့်  အမည်/ နိုင်ငံသားစိစစ်ရေး   ကတ်အမှတ်    စသည့်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန၏ National Database   အချက်အလက်များနှင့်   တိုက်ဆိုင်စစ်ဆေး၍  အချက် အလက်  မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသည့်  ဆင်းကတ်များကို  ပိတ်သိမ်းမည်ဖြစ်ပါသဖြင့်     သုံးစွဲသူများအနေဖြင့်    မိမိတို့၏ ဆင်းကတ်မှတ်ပုံတင်သည့်  အမည် / နိုင်ငံသား  စိစစ်ရေးကတ်အမှတ် တို့ကို  မှန်/မမှန် စစ်ဆေး ပြီး၊ ပြင်ဆင်ရန်လိုအပ်ပါက (၃၁-၁-၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍    ပြန်လည်ပြင်ဆင်ပါရန်   အသိပေးနှိုးဆော် အပ်ပါသည်။  မိမိတို့၏  အမည် /  နိုင်ငံသားစိစစ်ရေး    ကတ်အမှတ်တို့     မှန်မမှန် စစ်ဆေးသိရှိနိုင်ရန်  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)   အတွက်   *601#  ၊  Atom    အတွက် *979*3*3# ၊ Ooredoo အတွက် *666# ၊ Mytel အတွက် *966# သို့ခေါ်ဆို၍ ကြည့်ရှုစစ်ဆေး နိုင်ပါသည်။ ပြန်လည်ပြင်ဆင်   မှတ်ပုံတင်ခြင်းကို   သက်ဆိုင်ရာ   အော်ပရေတာများ၏   အရောင်းဆိုင်များ၊    Application   များနှင့်  Website  တို့တွင်  ဆောင်ရွက်နိုင်ပါကြောင်း  အသိပေးကြေညာ အပ်ပါသည်။


ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန