သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရထံမှ ဩဝါဒခံယူခြင်းနှင့် အလှူငွေပေးအပ်ပွဲ ပြုလုပ်

 

နေပြည်တော်   မေ  ၂၇


သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ   ရွှေကျင်နိကာယဥပ ဥက္ကဋ္ဌ      အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက မဟာဓမ္မကထိက၊  ဗဟုဇနဟိတ ဓရ   ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ထံမှ ဩဝါဒခံယူခြင်းနှင့် အလှူငွေ ပေးအပ်ပွဲကို   ယနေ့မွန်းလွဲပိုင်း တွင်    တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ   သီတဂူဇီဝိတစက္ခုဒါန ဆေးရုံခန်းမ၌   ပြုလုပ်ရာ  သီတဂူ ဆရာတော်       ဒေါက်တာ   ဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော သံဃာ တော်များ ကြွရောက်တော်မူကြပြီး ကမ်းရိုးတန်းဒေသ    တိုင်းစစ်ဌာန ချုပ်  တိုင်းမှူး ဗိုလ်ချုပ် စောသန်း လှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊  အလှူရှင်များ  တက်ရောက် ကြသည်။ 

 


ဦးစွာ     မြိတ်မြို့    မော်တောင် ပရိယတ္တိ စာသင်တိုက် ဆရာတော်၊ တိုင်းဒေသ ကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာရဒက သီတဂူ ဆရာတော် ကြီးထံ     သီတဂူစက္ခုဒါနဆေးရုံ ဆိုင်ရာ    ဆောင်ရွက်ချက်များကို ရှင်းလင်း           လျှောက်ထားသည်။ ထို့နောက်             အလှူရှင်များက သီတဂူစက္ခုဒါန   ဆေးရုံအတွက် အလှူငွေများ   ပေးအပ်လှူဒါန်းရာ တိုင်းမှူးနှင့်    တာဝန်ရှိသူများက လက်ခံယူကြပြီး(အပေါ်ပုံ)ဂုဏ်ပြု မှတ်တမ်းလွှာများ          ပြန်လည် ပေးအပ်ကြသည်။

 


ဆက်လက်၍      တိုင်းမှူး နှင့်   တက်ရောက်လာကြသူများက သီတဂူဆရာတော်ကြီးထံမှ   အနု မောဒနာတရားနာယူကြပြီး ဆရာ တော်ကြီး၊  တိုင်းမှူးနှင့်  တာဝန်ရှိ သူများက  သီတဂူဇီဝိတစက္ခုဒါနဆေးရုံအတွင်းရှိ ဆေးကုသခန်းနှင့် လူနာခန်းများ  တည်ဆောက်ထား ရှိမှုတို့ကို     လှည့်လည်ကြည့်ရှု ကြကြောင်း သတင်းရရှိသည်။
        

သတင်းစဉ်