သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၌ မျက်စိဝေဒနာရှင်များအား ပဉ္စမအကြိမ် အခမဲ့ခွဲစိတ်ကုသပေးမှုကြည့်ရှု

 

ရန်ကုန်   ဧပြီ    ၂


ရန်ကုန်တိုင်းဒေသကြီး  ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ပင်လုံလမ်းရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) ရှစ်ထပ်ကျောင်းဆောင်သီတဂူစက္ခုဒါန အဆင့်မြင့် ဆေးရုံကြီးတွင် စတုတ္ထအကြိမ် စာရင်းပေးသွင်းပြီး ခွဲစိတ်ရန်ကျန်ရှိခဲ့သည့်    ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ပြသသည့် မျက်စိ ဝေဒနာရှင် ၃၅၀ အား ပဉ္စမအကြိမ်အဖြစ်  အခမဲ့ ခွဲစိတ်ကုသပေးလျက်ရှိရာ    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီး ဝန်ကြီးများ၊ ခရိုင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လိုအပ်သည်များ ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ရေးနှင့် ဆရာတော်ကြီး၏  မိန့်ကြားချက်များဆောင်ရွက် ပေးနိုင်ရေး ဧပြီ ၁ ရက်က ဆရာတော်ကြီးသီတင်း သုံးရာ  သီတဂူဗုဒ္ဓတက္ကသိုလ်သို့     သွားရောက်ကြ သည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ သည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊  အဂ္ဂမဟာပဏ္ဍိတ၊  အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ၊ သာသနဓဇဓမ္မာစရိယ၊ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ သီတဂူ ဆရာတော်ကြီးကို ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်း များနှင့် မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ် ခွဲစိတ်ကုသပေးရာတွင်    လိုအပ်သည့်နေရာများ၌ အသုံးပြုနိုင်ရေး အလှူငွေများ ဆက်ကပ်လှူဒါန်း ကြသည်။


ထို့နောက်    တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မျက်စိအထူးကုဆရာဝန်ကြီးများက စက္ခု ဒါနဆေးရုံတွင် တပ်ဆင်ထားသည့် ခေတ်မီစမ်းသပ် စစ်ဆေးသည့် စက်သစ်ကြီးများဖြင့်    ခွဲစိတ်ကုသ ရန်   စမ်းသပ်စစ်ဆေးမှုများ   ပြုလုပ်ပေးနေမှုကို လည်းကောင်း၊ ဆေးကုသရန်  စောင့်ဆိုင်းနေသည့် လူနာများအား လည်းကောင်း ကြည့်ရှု၍ မျက်စိဝေဒနာ ရှင်များကို အားပေးစကားပြောကြားပြီး   သီတဂူ စက္ခုဒါနဆေးရုံ(ရန်ကုန်) တွင် မျက်စိခွဲစိတ်ကုသ ပေးမည့် မျက်စိဝေဒနာရှင်များကို ပဉ္စမအကြိမ်အဖြစ် ဧပြီ ၁ ရက်မှ  ၅ ရက်အထိ စမ်းသပ်ကုသပေးမည် ဖြစ်ရာ စတုတ္ထအကြိမ်စာရင်းပေးသွင်းပြီး ခွဲစိတ် ကုသပေးရန် ကျန်ရှိသည့် မျက်စိဝေဒနာရှင်   ၃၅၀ အား စမ်းသပ်ခွဲစိတ် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။


ဆန်းကျော်ဦး(ပြန်/ဆက်)