
ကိုလံဘို မေ ၉
ကိုလံဘိုမြို့တွင် ဝန်ကြီးချုပ်ကို ထောက်ခံသူများနှင့် အစိုးရ ဆန့်ကျင်သူများကြား အကြမ်း ဖက် ဆန္ဒပြမှုများ ဖြစ်ပွားနေချိန် သီရိလင်္ကာဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ဆာက ရာထူးမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း မေ ၉ ရက်တွင် ပြောကြားလိုက် သည်။
ဝန်ကြီးချုပ်က တွစ်တာတွင် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ် သည်။ ဝန်ကြီးချုပ်သည် ၎င်း၏ နုတ်ထွက်လွှာကို သမ္မတ ဂိုတာ ဘာယာ ရာဂျာပက်ဆာထံ တင်သွင်းခဲ့သည်။ ဝန်ကြီးချုပ်၏ နုတ်ထွက်စာတင်ပြီး မကြာမီ ကျန်းမာရေးဝန်ကြီး အပါအဝင် တချို့ဝန်ကြီးများသည် ၎င်းတို့ ၏အသီးသီးသော နုတ်ထွက်လွှာ များကို သမ္မတထံ တင်သွင်းခဲ့ သည်။ မေ ၉ ရက်က ဆန္ဒပြသူ များကြား အကြမ်းဖက်ပဋိပက္ခ များဖြစ်ပွားရာ နေရာတွင် ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ သည်။ ထို့အတူ လူ ၈၀ ထက် မနည်း ဆေးရုံတင်ခဲ့ရကြောင်း ကိုလံဘို အမျိုးသားဆေးရုံ၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။ ဆိုးရွားသည့် စီးပွားရေး အကျပ်အတည်းများက ကဏ္ဍ အတော်များများအပေါ် ထိခိုက် မှုများ ဖြစ်ပွားလာပြီး အခြေခံ အကျဆုံး အရေးကြီး ထောက်ပံ့ ပစ္စည်းများ ပြတ်တောက်နေ စဉ် သီရိလင်္ကာနိုင်ငံသည် ရက်သတ္တပတ်ပေါင်း အတော်ကြာ နိုင်ငံရေး မငြိမ်သက်မှုများနှင့် ရင်ဆိုင်နေရသည်။ ဆင်ဟွာ