
စင်ကာပူ ဇူလိုင် ၁၄
သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျာပက်ခ်ဆာကို သီးသန့်ခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံသို့ ဝင်ရောက်ခွင့် ပြုခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၁၄ ရက် ညနေပိုင်းတွင် ပြောကြားလိုက်သည်။
သီရိလင်္ကာသမ္မတ ရာဂျာပက်ခ်ဆာသည် ဆော်ဒီ လေကြောင်းဖြင့် မော်လ်ဒိုက်မှ စင်ကာပူနိုင်ငံသို့ ထွက်ခွာလာခဲ့ကြောင်းနှင့် ချန်ဂီလေဆိပ်သို့ ည ၇ နာရီ ၁၇ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း ပြည်တွင်း သတင်း မီဒီယာများတွင် ဖော်ပြထားသည်။
မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာတွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ရာဂျာပက်ခ်ဆာသည် ခိုလှုံခွင့် မတောင်းခဲ့သလို ခိုလှုံခွင့်လည်း မရခဲ့ကြောင်း ပြောကြားခဲ့သည်။
စင်ကာပူနိုင်ငံတွင် မည်မျှကြာကြာနေထိုင်သွား မည် သို့မဟုတ် အခြားသွားစရာနေရာတစ်ခုခု စိတ်ထဲတွင် ရှိနေသလားဆိုသည်ကို ရှင်းရှင်း လင်းလင်းမသိရသေးကြောင်း အစောပိုင်းက စထရိတ်တိုင်းမ်သတင်းတွင် ဖော်ပြခဲ့သည်။
ရာဂျာပက်ခ်ဆာသည် ဇူလိုင် ၁၃ ရက်က သီရိလင်္ကာနိုင်ငံမှ မော်လ်ဒိုက်သို့ ထွက်ခွာလာခဲ့သည်။
လွှတ်တော်၌ မဲစနစ်ဖြင့် ဇူလိုင် ၂၀ ရက်တွင် သမ္မတသစ်ကို ရွေးကောက်တင်မြှောက်မည်ဖြစ် ကြောင်း သီရိလင်္ကာလွှတ်တော်ဥက္ကဋ္ဌ မဟင်ဒါ ရာပါအဘေးဝါဒီနာက ဇူလိုင် ၁၃ ရက်ကပြောကြား လိုက်သည်။
ဆင်ဟွာ