
ကိုလံဘို ဇူလိုင် ၂၀
ရာနေးလ် ဝစ်ကရမ်ဆင်းသည် ဗုဒ္ဓဟူးနေ့အစောပိုင်းက သမ္မတသစ်ရွေးချယ်ရန် လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ပြီး နောက် အနိုင်ရရှိခဲ့သည့်အတွက် ကြာသပတေးနေ့တွင် သီရိလင်္ကာသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆို သွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
ရာနေးလ် ဝစ်ကရမ်ဆင်းသည် ကြာသပတေး နေ့ နံနက်ပိုင်းတွင် ကျမ်းသစ္စာကျိန်ဆိုသွားမည် ဖြစ်ပြီး ဝန်ကြီးချုပ်အသစ်ကိုလည်း ခန့်အပ်သွား မည်ဖြစ်ကြောင်း သမ္မတရုံးမှ တာဝန်ရှိသူများက ဆင်ဟွာသို့ ပြောသည်။ ဝန်ကြီးချုပ်အသစ်ခန့်အပ်ပြီး နောက်တွင် အစိုးရအဖွဲ့ကို လာမည့်ရက်အနည်းငယ် အတွင်း ဖွဲ့စည်းသွားဖွယ်ရှိကြောင်း သိရသည်။
နိုင်ငံတွင်း ပြင်းထန်သော စီးပွားရေးကျပ်တည်း မှုကြောင့် ဆန္ဒပြမှုများ အကြီးအကျယ်ဖြစ်ပေါ်နေ ချိန်တွင် ဂိုတာဘာယာ ရာဂျာ ပါ့ခ်ဆာသည် ပြီးခဲ့ သည့် သီတင်းပတ်တွင် သမ္မတရာထူးမှနုတ်ထွက် သွားပြီးနောက် သမ္မတသစ်အတွက် လွှတ်တော် တွင် မဲခွဲဆုံးဖြတ်ရာ ဝစ်ကရမ်ဆင်းက ၁၃၄ မဲဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လွှတ်တော် ကိုယ်စားလှယ် ၂၂၅ ဦးအနက် ၂၂၃ ဦးသည် သမ္မတ သစ်ကို မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ပယ်မဲ လေးမဲ ရှိခဲ့ကြောင်း သိရသည်။
အခြားသော ကိုယ်စားလှယ်လောင်းနှစ်ဦး ဖြစ်သည့် Sri Lanka Podujana Peramuna (အက်စ်အယ်ပီပီ) ပါတီမှ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင် ဒူးလပ်စ် အလာပီရူမာက ၈၂ မဲနှင့် အမျိုးသား ပြည်သူ့အင်အားပါတီ (အင်န်ပီပီ) ခေါင်းဆောင် အနူရာကူမာရာ ဒစ်ဆာနေရာကီက သုံးမဲသာ ရရှိခဲ့ကြောင်း သိရသည်။
ဆင်ဟွာ