သီရိလင်္ကာနိုင်ငံ၌ ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်အထိ မော်တော်ယာဉ်များ တင်သွင်းနိုင်ခဲ့

 

 

ကိုလံဘို  မေ  ၃

 သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမသုံးလအတွင်း အမေရိကန်‌ ဒေါ်လာ   ၆၁၃   သန်း  တန်ဖိုးရှိ  မော်တော်ယာဉ်များကို တင်သွင်းခဲ့ကြောင်း သိရသည်။  

 

မတ်လ   တစ်လတည်းတွင် အမေရိကန်ဒေါ်လာ  ၁၉၅   သန်း ပမာဏရှိသော ကိုယ်ပိုင်ယာဉ်နှင့် စီးပွားရေး သုံးယာဉ်များ တင်သွင်းခဲ့ကြောင်း သီရိလင်္ကာနိုင်ငံ ဗဟိုဘဏ်၏ တရားဝင်အချက်အလက်များအရ သိရသည်။

 

သီရိလင်္ကာနိုင်ငံ၌ ၂၀၂၀ ပြည့် နှစ် အစောပိုင်းက မော်တော်ယာဉ် တင်သွင်းမှု ကန့်သတ်ချက်များကို စတင်လုပ်ဆောင်ခဲ့ပြီး မော်တော် ယာဉ်သွင်းကုန် စည်းမျဉ်းသစ်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ  ၁ ရက်တွင်      စတင်ကျင့်သုံးသည့်အခါ မော်တော်ယာဉ်တင်သွင်းမှု   ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ဆင်ဟွာ