
ကိုလံဘို ဇန်နဝါရီ ၅
သီရိလင်္ကာနိုင်ငံတွင် ပြီးခဲ့သည့် နှစ်နှစ်တာအတွင်း ငါးနှစ်အောက် ကလေး အာဟာရချို့တဲ့မှုများပြား လာပြီး ယင်းပြဿနာကိုဖြေရှင်းရန် ဆောင်ရွက်နေသည်ဟု ကျန်းမာ ရေးဝန်ကြီး ခါဟဲလီယာ ရမ်ဘာ့ ဝဲလ်လာက ဇန်နဝါရီ ၅ ရက်တွင် ပြောသည်။
၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် အာဟာရချို့တဲ့မှု အရေအတွက်မှာ ပိုမိုများပြား လာပြီး အစားအသောက်ဈေးနှုန်း များကို အဆင်အခြင်မဲ့ မြှင့်တင် ခြင်းကြောင့်လည်း အာဟာရ ချို့တဲ့ရခြင်း၏ အဓိကအချက် ဖြစ်လာကြောင်း ကျန်းမာရေး ဝန်ကြီးက ပါလီမန်တွင် ပြော သည်။ နိုင်ငံ၏ စီးပွားရေးအကျပ် အတည်းကာလတွင် ပြည်သူများ ၏ ဝယ်လိုအားကျဆင်းလာခြင်း ကြောင့်လည်း ကလေးငယ်များ တွင် အာဟာရချို့တဲ့မှုပြဿနာ များ ဖြစ်လာရသည့် နောက်ထပ် အကြောင်းရင်းဖြစ်ကြောင်း ၎င်း က ပြောသည်။
ကုလသမဂ္ဂ ကလေးများရံပုံ ငွေအဖွဲ့ (ယူနီဆက်ဖ် ) ၏ အစီရင် ခံစာအရ သီရိလင်္ကာနိုင်ငံသည် စီပွားရေအကျပ်အတည်းအတွင်းကျရောက်နေပြီး ယင်းဖြစ်စဉ်မှာ ၂၀၂၃ ခုနှစ်အထိ ဆက်လက် ဖြစ်ပွားနေဦးမည် ဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် လူပေါင်း ၆ ဒသမ ၂ သန်းနှင့် ကလေးငယ် ပေါင်း ၂ ဒသမ ၉ သန်းမှာ ယခုနှစ် အတွက် အကူအညီ အထောက် အပံ့များ လိုအပ်နေသည်ဟု ဖော်ပြ ထားသည်။
ဆင်ဟွာ