
ကိုလံဘို ဩဂုတ် ၁၀
သီရိလင်္ကာနိုင်ငံ ကျန်းမာရေးပညာရှင်များ သည် နိုင်ငံတွင်းသို့ မျောက်ကျောက်ရောဂါ ကူးစက်မှု ဝင်ရောက်လာပါက သိရှိနိုင်ရန် အတွက် နိုင်ငံသားများကို စမ်းသပ်စစ်ဆေးမှု စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကျန်းမာ ရေး တာဝန်ရှိသူတစ်ဦးက ဩဂုတ် ၁၀ ရက် က ပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ချ် အို)က မျောက်ကျောက်ရောဂါ စမ်းသပ် စစ်ဆေးသည့် ကိရိယာများ ထောက်ပံ့ပေးမှု ပြုလုပ်ပြီးနောက် သီရိလင်္ကာကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ထိုကဲ့သို့ စမ်းသပ် စစ်ဆေးမှု လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ စမ်းသပ်စစ်ဆေးမှုကို မြို့တော် ကိုလံဘိုနှင့် အလယ်ပိုင်း ကန်ဒီမြို့တို့တွင် ပြုလုပ်ဆောင်ရွက်ပြီးဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။
ထို့အပြင် အဆိုပါ ဝန်ကြီးဌာနက လက်ရှိ အချိန်အထိ သီရိလင်္ကာနိုင်ငံ၌ မျောက်ကျောက် ရောဂါကူးစက်မှု မရှိသေးကြောင်း ပြောသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြီးခဲ့သည့်လတွင် အာဖရိကပြင်ပနိုင်ငံများ၌ မျောက်ကျောက် ရောဂါ ကူးစက်မှုမြင့်မားလာသည့်အတွက် မျောက်ကျောက်ရောဂါကို နိုင်ငံတကာစိုးရိမ် ဖွယ်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။
ဆင်ဟွာ