
ကိုလံဘို မေ ၆
လွှတ်တော်အဆောက်အအုံပြင်ပတွင် ဆန္ဒပြသူများ စုရုံးပြီး လတ်တလောဖြစ်ပွားနေသော စီးပွားရေး အကျပ်အတည်းများကို အဖြေရှာရန် လွှတ်တော် အမတ်များကို တောင်းဆိုလျက်ရှိသောကြောင့် လွှတ်တော်အစည်းအဝေးများကို မေ ၁၇ ရက်အထိ ခေတ္တရပ်ဆိုင်းလိုက်ကြောင်း သီရိလင်္ကာလွှတ်တော် ဥက္ကဋ္ဌက မေ ၆ ရက်တွင် ကြေညာလိုက်သည်။
ရဲများက ဆန္ဒထုတ်ဖော်လူအုပ်ကြီးကို လူစုခွဲရန် အတွက် မျက်ရည်ယိုဗုံးများနှင့် ရေအမြောက်များ ကို အသုံးပြုခဲ့ကြသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော် အစည်းအဝေးများကို ရပ်ဆိုင်းလိုက်ပြီး ဆန္ဒပြသူ များအား ဆန့်ကျင်တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး ချက်ချင်းအစီရင်ခံစာတင်ရန် တောင်းဆိုလိုက်သည်။
အဆိုပါဒေသတွင် လုံခြုံရေးများကို တိုးမြှင့်ထား ကြောင်းနှင့် အပြင်ဘက်တွင် အခြေအနေတင်းမာလာ သောကြောင့် တချို့အမတ်များသည် လွှတ်တော်မှ ချက်ချင်းမထွက်ခွာနိုင်သေးကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံ၌ နိုင်ငံခြားငွေလဲလှယ်မှု ပြတ်တောက်သွားပြီး ယင်းက လောင်စာဆီ၊ အစား အစာနှင့် ဆေးကဲ့သို့သော အဓိက မရှိမဖြစ်ပစ္စည်းများ ပြတ်လပ်မှုကိုဖြစ်စေကာ ထိုမှတစ်ဆင့် နိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေးအကျပ်အတည်းများကို သီတင်းပတ်အတော်ကြာ ဖြစ်ပွားစေခဲ့သည်။
ဆင်ဟွာ