သီရိလင်္ကာနိုင်ငံ၌ လေထုအရည်အသွေးကျဆင်းမှုကြောင့် နှာခေါင်းစည်းတပ်ဆင်ကြရန် ပြည်သူများအား တိုက်တွန်းထား

ကိုလံဘို     ဇန်နဝါရီ    ၁၇
သီရိလင်္ကာနိုင်ငံ ဗဟိုပတ်ဝန်းကျင်ဆိုင်ရာ အာဏာပိုင်အဖွဲ့ (စီအီးအေ) က လေထုအရည်အသွေးကျဆင်းမှု ကြောင့် နှာခေါင်းစည်းတပ်ဆင်ကြရန် နိုင်ငံအတွင်းရှိ ခရိုင်ငါးခုမှ ပြည်သူများအား ဇန်နဝါရီ ၁၇ ရက်တွင် အကြုံပြုတိုက်တွန်းထားသည်။ 
ကိုလံဘို၊ ဂဲယ်လီ၊ ဂျက်ဖ်နာ၊ မန်းနာနှင့် ဘတ်တီး ကာလိုအာခရိုင်များမှ  ဒေသခံပြည်သူများ  အထူး သဖြင့် နာမကျန်းဖြစ်သူနှင့် အသက်အရွယ်ကြီးရင့် သူများအနေဖြင့် နေအိမ်ပြင်ပတွင် နှာခေါင်းစည်း တပ်ဆင်ကြရန် စီအီးအေ၏ မီဒီယာပြောရေးဆိုခွင့် ရှိသူ အဂျစ်ဝီးရာဆန်ဒရာက တိုက်တွန်းထားသည်။ 
သီရိလင်္ကာနိုင်ငံရှိ      လေထုအရည်အသွေးမှာ လေကြောင်းတိုက်ခတ်မှုပုံစံ       ပြောင်းလဲမှသာ တိုးတက်ကောင်းမွန်မှုရှိလာဖွယ်ရှိကြောင်း ၎င်းက  ဆက်ပြောသည်။       လက်ရှိလေထုညစ်ညမ်းမှုကို ညွှန်ပြသော လေထုအရည်အသွေး အညွှန်းကိန်း (အေကျူအိုင်)မှာ သီရိလင်္ကာနိုင်ငံအတွင်းရှိ ခရိုင် အများအပြား၏ လေထုအရည်အသွေးမှာ ကျန်းမာ ရေးနှင့် မညီညွတ်သောအဆင့်တွင်ရှိကြောင်း ပြသ နေသည်ဟု စီအီးအေက ယခုသီတင်းပတ်အစော ပိုင်းတွင် ပြောသည်။                               ဆင်ဟွာ