
ကိုလံဘို ဇန်နဝါရီ ၁၈
သီရိလင်္ကာနိုင်ငံ၌ ၂၀၂၂ ခုနှစ်တွင် အုန်းသီး သန်း ၂၀၀ ခန့် သို့မဟုတ် နိုင်ငံ၏ အုန်းသီးထုတ်လုပ်မှု ၇ ရာခိုင်နှုန်းကို တိရစ္ဆာန်များက ဖျက်ဆီး ပစ်ခဲ့ကြောင်း သီရိလင်္ကာစိုက်ပျိုးရေးဝန်ကြီးက ဇန်နဝါရီ ၁၈ ရက်တွင် ပြောသည်။ ပျက်စီးဆုံးရှုံးမှုပမာဏအများဆုံးမှာ မျောက်များနှင့် ရှဉ့်များ ကြောင့်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောသည်။
စိုက်ပျိုးရေးဝန်ကြီးဌာနအောက်ရှိ အဖွဲ့အစည်းတစ်ခုမှ ပြုလုပ် သော လေ့လာမှုတစ်ခုအတွင်း ၎င်းကို တွေ့ရှိခြင်းဖြစ်ကြောင်း သိရ သည်။ သီရိလင်္ကာနိုင်ငံသည် နှစ်စဉ်အုန်းသီးခူးဆွတ်ချိန်တွင် ၂ ဒသမ ၅ ဘီလီယံမှ ၃ ဘီလီယံကြားရှိကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောသည်။ ဆင်ဟွာ