
ကိုလံဘို စက်တင်ဘာ ၁
သီရိလင်္ကာနိုင်ငံသို့ရောက်ရှိနေသော အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) မှ စေလွှတ်လိုက်သော ကိုယ်စားလှယ်များသည် သီရိ လင်္ကာနိုင်ငံအား အမေရိကန်ဒေါ်လာ သုံးဘီလီယံ နီးပါး ထုတ်ချေးရန် ကနဦးသဘောတူညီချက် ရရှိခဲ့သည်။
လေးနှစ်ကြာ ချေးငွေအစီအစဉ်သည် သီရိ လင်္ကာနိုင်ငံ၏ မက်ခရိုစီးပွားရေးတည်ငြိမ်ရန်နှင့် အကြွေးတည်ငြိမ်စေရန်အတွက် ရည်ရွယ်ကြောင်း အိုင်အမ်အက်ဖ်က ပြောသည်။
သီရိလင်္ကာနိုင်ငံ၏ ပြည်ပကြွေးမြီသည် လွန်ခဲ့ သောနှစ်က အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ကျော် မြင့်တက်ခဲ့သည်။
အဆိုပါသဘောတူညီမှုသည် သီရိလင်္ကာနိုင်ငံ ကြုံတွေ့နေသည့် အကျပ်အတည်းမှ လွတ်မြောက် ရန် ရှေ့ဆက်သွားရမည့် လမ်းခရီးအရှည်ကြီး၏ အစဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံဆိုင်ရာ အိုင်အမ် အက်ဖ် မစ်ရှင်အကြီးအကဲ ပီတာ ဘရူအာက ပြောသည်။
နိုင်ငံ့အာဏာပိုင်များအတွက် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာဖြင့် အဆိုပါလမ်းကို ဆက်လျှောက်ရန် အရေးကြီးကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။
သီရိလင်္ကာနိုင်ငံကို ချေးငွေပေးရန် သဘော တူညီချက်သည် အိုင်အမ်အက်ဖ်စီမံခန့်ခွဲရေး နှင့် အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက် ဖြစ်သည်။
သီရိလင်္ကာနိုင်ငံသည် နိုင်ငံအတွင်းရှိ တရားဝင် မြီရှင်များထံမှ အာမခံချက်များ ရရှိရန်နှင့် ပုဂ္ဂလိက မြီရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက်ရရှိရန် ကြိုးစားဆောင်ရွက်သင့် ကြောင်း အိုင်အမ်အက်ဖ်က သီရိလင်္ကာနိုင်ငံကို တိုက်တွန်းလိုက်သည်။
သြဂုတ် ၃၀ ရက် အစောပိုင်းက သီရိလင်္ကာ သမ္မတ ရာနေးလ်ဝှစ်ကရမ်ဆင်းသည် လွှတ်တော်သို့ ကြားဖြတ်အသုံးစရိတ် ဘတ်ဂျက်တစ်ခုတင်သွင်း ခဲ့သည်။ အဆိုပါဘတ်ဂျက်သည် ဝင်ငွေမြှင့်တင် ရန်နှင့် ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရန် ကူညီ မည်ဖြစ်သည်။
သီရိလင်္ကာနိုင်ငံသည် အမျိုးသားစီးပွားရေး မူဝါဒကို ၂၅ နှစ်ထက်မနည်း ပြင်ဆင်ရမည်ဖြစ် ကြောင်း ၎င်းကပြောသည်။
နိုင်ငံတွင်းရှိ ပြည်သူများသည် ငွေကြေး ဖောင်းပွမှု မြင့်တက်ခြင်း၊ မရှိမဖြစ် အခြေခံ စားသောက်ကုန်များ ပြတ်တောက်ခြင်း၊ လောင်စာဆီ ပြတ်တောက်ခြင်းနှင့် ဆေးဝါး ပြတ်တောက်ခြင်းများကို ခါးသီးစွာ ခံစားနေရသည်။
အင်န်အိတ်ချ်ကေ