သီရိလင်္ကာ၌ မူးယစ်ဆေးဝါးသုံးစွဲသော ယာဉ်မောင်းများအား လာမည့်နှစ် ဇန်နဝါရီလမှစကာ ဖော်ထုတ်သွားမည်

 

ကိုလံဘို   နိုဝင်ဘာ    ၂၉


သီရိလင်္ကာနိုင်ငံသည် လာမည့်နှစ် ဇန်နဝါရီလမှစတင်ကာ ဘိန်းဖြူ၊ ကိုကင်းနှင့် အခြားမူးယစ်ဆေးဝါး  သုံးစွဲသော     ယာဉ်မောင်းသူများ ကို  ရှာဖွေဖော်ထုတ်နိုင်ရန် အစီ အမံများကို စတင်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း   နိုဝင်ဘာ   ၂၉ ရက်တွင်    တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

 


လက်ရှိကာလတွင်        သီရိ လင်္ကာ ဥပဒေစိုးမိုးရေးအာဏာပိုင် အဖွဲ့က    အရက်မူးသော    ယာဉ် မောင်းများကိုသာ ရှာဖွေဖော်ထုတ် ရန်    စမ်းသပ်လုပ်ဆောင်လျက် ရှိကြောင်း  ပို့ဆောင်ရေးဝန်ကြီး လာဆန်သာ အလာဂီယာဝနာက သတင်းထောက်များကို    ပြော သည်။ 

 


သီရိလင်္ကာနိုင်ငံတွင် နှစ်စဉ် နှစ်တိုင်း     ယာဉ်မတော်တဆမှု  ၄၂၀၀၀    ဖြစ်ပွားပြီး     လူပေါင်း ၃၀၀၀ ခန့် အသက်ဆုံးရှုံးရကြောင်း နှင့် ယင်းယာဉ်မတော်တဆမှုများ ကြောင့် အမေရိကန်ဒေါ်လာ သန်း ၂၂၀ ခန့် ဆုံးရှုံးမှုဖြစ်ပေါ်ကြောင်း အလာဂီယာဝနာက ပြောသည်။ 

 


သီရိလင်္ကာ     ရဲတပ်ဖွဲ့သည် ယာဉ်မတော်တဆမှု ဖြစ်ပွားရ ခြင်း အများစုမှာ မူးယစ်ဆေးဝါး   သုံးစွဲခြင်းကြောင့်   ဖြစ်ကြောင်း   ဖော်ထုတ်နိုင်ခဲ့သည်။  သို့သော် လည်း မူးယစ်ဆေးဝါး သုံးစွဲသော  ယာဉ်မောင်းများကို    ရှာဖွေဖော် ထုတ်ရန် စက်ပစ္စည်းကိရိယာများ မရှိကြောင်း၊ ထိုကဲ့သို့  စက်ပစ္စည်း ကိရိယာများမရှိခြင်းက ပြဿနာ တစ်ရပ်အဖြစ်     ရှိနေကြောင်း၊   ထို့ကြောင့် မူးယစ်ဆေးဝါးသုံးစွဲ သော ယာဉ်မောင်းများကို ရှာဖွေ ဖော်ထုတ်ရန်      စက်ပစ္စည်း    ကိရိယာအသစ်များနှင့်     ၂၀၂၃  ခုနှစ်    ဇန်နဝါရီလမှစကာ   လုပ် ဆောင်သွားမည်     ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

ဆင်ဟွာ