သီရိလင်္ကာ၌ လွှတ်တော်ပြန်လည်ကျင်းပရန် သမ္မတကို လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

 

 

ကိုလံဘို   မေ  ၁၀ 
သီရိလင်္ကာလွှတ်တော်   ဥက္ကဋ္ဌ မဟင်ဒါယာပါ  အဘေးဝါဒီနာက သမ္မတ ဂိုတာဘာယာ ရာဂျာပက်ခ် ဆာကို လွှတ်တော်ကို ပြန်လည် ကျင်းပရန်နှင့် နိုင်ငံတွင်းဖြစ်ပေါ် နေသော   နိုင်ငံရေးမတည်ငြိမ်မှု များကို အဖြေရှာရန် မေ ၁၀ ရက် က   တိုက်တွန်းပြောကြားလိုက် သည်။ 
လွှတ်တော်ဥက္ကဋ္ဌ  အဘေးဝါ ဒီနာက   ဝန်ကြီးချုပ်အသစ်နှင့် ဝန်ကြီးများကို  ချက်ချင်းခန့်အပ် တာဝန်ပေးရန်   လွှတ်တော်ကို ချက်ချင်းပြန်လည်ကျင်းပရမည် ဖြစ်ကြောင်း    ပြောကြားလိုက် သည်။ 
နိုင်ငံရေးခေါင်းဆောင်များ၏ အစည်းအဝေးကို   လွှတ်တော် အဆောက်အအုံတွင် မေ ၁၁ ရက် ၌  ကျင်းပသွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ အဘေးဝါဒီနာ က ပြောသည်။ 
လွှတ်တော်အဆောက်အအုံ ရှေ့တွင်   ဆန္ဒပြသူများစုဝေးပြီး လက်ရှိဖြစ်ပွားနေသော စီးပွားရေး ဆိုင်ရာ အကျပ်အတည်းကို အဖြေ ရှာရန်  တောင်းဆိုသောကြောင့် လွန်ခဲ့သော     သီတင်းပတ်က လွှတ်တော်ဥက္ကဋ္ဌသည်  မေ  ၁၇ ရက်အထိ လွှတ်တော်ကို ရပ်ဆိုင်း ခဲ့သည်။ 
အကြမ်းဖက်   ဆန္ဒပြမှုများ ဖြစ်ပွားနေချိန် သီရိလင်္ကာဝန်ကြီး ချုပ် မဟင်ဒါ ရာဂျာပက်ဆာသည် ရာထူးမှ     နုတ်ထွက်ခဲ့သည်။ ထို့အတူ  နိုင်ငံအနှံ့    ညမထွက်ရ အမိန့်များကို မေ ၁၁ ရက်အထိ ချမှတ်လိုက်သည်။ 
မေ  ၉  ရက်က  အကြမ်းဖက် ဆန္ဒပြမှုများကြောင့်     ခုနစ်ဦး သေဆုံးခဲ့ပြီး  ၂၀၀ ကျော်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။  အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေး ရန် တာဝန်ပေးအပ်ထားသည်။
ဆင်ဟွာ