
ကိုလံဘို ဖေဖော်ဝါရီ ၂၁
သီရိလင်္ကာနိုင်ငံကျန်းမာရေးအာဏာပိုင်များက ဖေဖော်ဝါရီ ၂၁ ရက်က ခန်းမအပြင်ဘက်အခမ်းအနားများတွင် ပါးစပ်နှာခေါင်းစည်းများ ဆက်လက်တပ်ဆင်သွားကြရမည်ဖြစ်ကြောင်း၊ တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သော သီရိလင်္ကာနိုင်ငံ၌ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု သည် ၁၀၀၀ ထက်ရှိနေသေးကြောင်း ပြောကြားလိုက်သည်။
ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရန်မလိုတော့ဟူသောစည်းမျဉ်းများ ကို ငြင်းပယ်ကာ ကိုဗစ်-၁၉ ညှိနှိုင်းရေးမှူး အန်ဝါဟမ်ဒါနီက မြို့တော် ကိုလံဘိုတွင် သတင်းထောက်များကို ပြောကြားလိုက်ခြင်းဖြစ်သည်။
ထိုကဲ့သို့သော ဆုံးဖြတ်ချက်ချရန်အတွက် အချိန်မတိုင်သေးကြောင်း နှင့် အလွန်စောလွန်းနေသေးကြောင်း၊ ကိုဗစ်-၁၉ အပိုဆောင်းကာကွယ် ဆေးထိုးနှံမှုတွင် စိတ်ကျေနပ်စရာကောင်းသည့်ပမာဏအထိ မရောက်ရှိ သေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
၂၀၂၀ ပြည့်နှစ်တွင် သီရိလင်္ကာနိုင်ငံတွင် နိုင်ငံသားတိုင်း ခန်းမအပြင် ဘက် အခမ်းအနားအားလုံးအတွက် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရန် အမိန့်တစ်ရပ် ပြဋ္ဌာန်းခဲ့သည်။ ငြင်းဆန်သူများသည် ဒဏ်ငွေရိုက်ခံရမည် ဖြစ်ပြီး ထောင်ပါချနိုင်သည်။ ဆင်ဟွာ