
ကိုလံဘို ဇူလိုင် ၁၉
သီရိလင်္ကာ ယာယီသမ္မတ ရာနေးလ် ဝစ်ကရမ်ဆင်းသည် Sri Lanka Podujana Peramuna (အက်စ်အယ်ပီပီ)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဝင် ဒူးလပ်စ် အလာပီရူမာနှင့် အမျိုးသားပြည်သူ့ အင်အားပါတီ (အင်န်ပီပီ) ခေါင်းဆောင် အနူရာကူမာရာ ဒစ်ဆာနေရာကီတိုကို သမ္မတရာထူးအတွက် လွှတ်တော်တွင် အင်္ဂါနေ့က အမည်စာရင်း တင်သွင်းခဲ့ကြောင်းသိရသည်။
လွှတ်တော်အမတ်များသည် ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် အစည်းအဝေးပြုလုပ်ပြီး သီရိလင်္ကာနိုင်ငံအတွက် သမ္မတသစ်ကို ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၁၉ ရက် အစောပိုင်းတွင် အတိုက်အခံခေါင်းဆောင် ဆာဂျစ် ပါရီမာ ဒါဆာသည် သမ္မတရာထူးအတွက် ဝင်ရောက် အရွေးချယ်ခံမည်ဟု ပြောကြားထားသော်လည်း နောက်ပိုင်းတွင် ၎င်း၏ သမ္မတလောင်း အမည်စာရင်း တင်သွင်းခြင်းကို ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။
၎င်းက အက်စ်ဂျေဘီပါတီအနေဖြင့် သီရိလင်္ကာသမ္မတသစ်အတွက် အက်စ်အယ်ပီပီ ပါတီမှ အနူရာကူမာရာ ဒစ်ဆာနေရာကီတိုကို မဲပေးထောက်ခံသွားမည်ဖြစ်ကြောင်း ပြောသည်။
နိုင်ငံတွင်း ပြင်းထန်သော စီးပွားရေးကျပ်တည်း မှုကြောင့် ဆန္ဒပြမှုများ အကြီးအကျယ်ဖြစ်ပေါ်နေ ချိန်တွင် ဂိုတာဘာယာ ရာဂျာပါ့ခ်ဆာက ပြီးခဲ့ သည့် သီတင်းပတ်တွင် သမ္မတရာထူးမှ နုတ်ထွက် ပြီး နောက် လွှတ်တော်ဥက္ကဋ္ဌ မာဟင်ဒါ ယာပါ အဘီဝါဒီနာသည် ဝန်ကြီးချုပ် ဝစ်ကရမ်ဆင်းကို ယာယီသမ္မတအဖြစ် ခန့်အပ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
ဆင်ဟွာ