သီရိလင်္ကာ၌ အဆိပ်ငွေ့များ ရှူရှိုက်မိခြင်းကြောင့် ကျောင်းသား ကျောင်းသူများ ဆေးရုံတင်ထားရ

 

ကိုလံဘို   နိုဝင်ဘာ   ၂


သီရိလင်္ကာနိုင်ငံ    ကိုလံဘိုမြို့ ဆင်ခြေဖုံးရှိ      စာသင်ကျောင်း တစ်ကျောင်း၌      အဆိပ်ငွေ့ ရှူရှိုက်မိပြီးနောက်    ဒါဇင်နှင့် ချီသော ကျောင်းသား ကျောင်းသူ များကို ဆေးရုံသို့ ပို့ဆောင်ထားရ ကြောင်း နိုဝင်ဘာ ၂ ရက်တွင် ရဲတပ်ဖွဲ့က ပြောသည်။ 

 


စာသင်ကျောင်းနှင့်     ကပ် လျက်   မြေကွက်တွင်  စွန့်ပစ် ထားသော    ရော်ဘာထုတ်ကုန် အချို့       မီးလောင်မှုကြောင့် စာသင်ခန်းအများအပြား မီးခိုးလုံး များ  ဝန်းရံပိတ်ဆို့ထားကြောင်း၊   အဆိုပါ           မီးခိုးငွေ့များကို ရှူရှိုက်မိပြီး       ကျောင်းသား ကျောင်းသူများ မူးမေ့လဲသွားပြီး နောက် ဒေသခံဆေးရုံ၏ ရှေးဦး ပြုစု   ကုသဆောင်သို့  ပို့ဆောင် ထားရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

 


ဆေးရုံတက်ရောက် ကုသနေ သော ကျောင်းသား ကျောင်းသူ များ၏ အခြေအနေမှာ ကောင်းမွန် မှုရှိသည်ဟု   ရဲတပ်ဖွဲ့က   ပြော သည်။ ထို့အပြင် စွန့်ပစ်ထားသော ရော်ဘာ    ထုတ်ကုန်များအား မီးတင်ရှို့သူတွေကို   ရှာဖွေဖော် ထုတ်နေကြောင်း    ရဲတပ်ဖွဲ့က ဆက်ပြောသည်။            

ဆင်ဟွာ