သီပေါသီတဂူစက္ခုဒါနဆေးရုံ၌ ခွဲစိတ်ကုသမှုလုပ်ငန်းများ မေ ၂၄ ရက်တွင် ပြန်လည်ဆောင်ရွက်မည်

 

သီပေါ    မေ   ၁၈


ကိုဗစ်-၁၉    ရောဂါ    ကူးစက်မှု ထိန်းချုပ်ရေးကာလများအတွင်း မျက်စိခွဲစိတ်ကုသမှုရပ်ဆိုင်းထား သည့် ရှမ်းပြည်နယ် မြောက်ပိုင်း  သီပေါမြို့နယ်    မဟာမြတ်မုနိ ဘုရားကြီး      ပရိဝုဏ်အတွင်း သီတဂူစက္ခုဒါန     ဆေးရုံကြီး၌ (၄၈)  ကြိမ်မြောက်   အခမဲ့မျက်စိ စမ်းသပ်ခွဲစိတ်မှု  လုပ်ငန်းများကို ကိုဗစ်- ၁၉ ဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ   ပြန်လည်ခွဲစိတ် ကုသပေးမည်ဖြစ်ကြောင်း သီတဂူ စက္ခုဒါနဆေးရုံတာဝန်ခံ   ဆရာ တော် အရှင်ပညာသီရိက မိန့်ကြား တော်မူသည်။

 


အဆိုပါ မျက်စိစမ်းသပ်ခွဲစိတ် မှုလုပ်ငန်းများကို မေ ၂၄ ရက်တွင် မျက်စိရောဂါ စတင်စစ်ဆေးပြီး မေ ၂၅၊ ၂၆ နှင့် ၂၇ ရက်တို့၌ ခွဲစိတ် ကုသပေးမည်ဖြစ်သဖြင့် ခွဲစိတ် ခန်းနှင့်    ဆက်စပ်အဆောင်များ ကို     သီတဂူဆေးရုံဝန်ထမ်းများ၊   ပရဟိတများ၊ ဘုရားကြီးရေကြည် တော် ဝတ်အသင်းသား အသင်းသူ များက  သန့်ရှင်းရေးဆောင်ရွက် လျက်ရှိသည်။

 


မျက်စိဝေဒနာရှင်များအနေ ဖြင့် မေ ၂၄ ရက်တွင် သီတဂူစက္ခု ဒါနဆေးရုံကြီးသို့ အရောက်လာ ကြရန်နှင့်   စာရင်းများ   ကြိုတင် ပေးသွင်းကြရန်       နှိုးဆော်ထား ကြောင်း သိရသည်။

စိုင်း(သီပေါ)